32 C
Yangon

ထင်ရှားကျော်ကြားသော စီးပွားရေးလုပ်ငန်းရှင်များအားလုံး ပြည်ပ ထွက်ခွာလိုပါက စစ်ကောင်စီထံမှ ကြိုတင်ခွင့်ပြုချက် တောင်းခံရမည်၊ မန္တလေးလေဆိပ်မှ ထိုင်းသို့ သွားမည့် အောင်သမာဓိရွှေဆိုင်ပိုင်ရှင် ဦးအောင်ဆန်းဝင်း ပတ်စ်ပို့သိမ်းခံရပြီး လေဆိပ်မှ လှည့်ပြန်ရ

Must read

ထင်ရှားကျော်ကြားသော စီးပွားရေးလုပ်ငန်းရှင်များအားလုံး ပြည်ပ ထွက်ခွာလိုပါက စစ်ကောင်စီထံမှ ကြိုတင်ခွင့်ပြုချက် တောင်းခံရမည်၊ မန္တလေးလေဆိပ်မှ ထိုင်းသို့ သွားမည့် အောင်သမာဓိရွှေဆိုင်ပိုင်ရှင် ဦးအောင်ဆန်းဝင်း ပတ်စ်ပို့သိမ်းခံရပြီး လေဆိပ်မှ လှည့်ပြန်ရ

ရန်ကုန်၊ နိုဝင်ဘာ ၄

မြန်မာနိုင်ငံမှ နာမည်ကြီး ထင်ရှားကျော်ကြားသော ကုန်သည်ကြီးများ၊ ဘဏ်လုပ်ငန်းရှင်များ၊ ရွှေဆိုင်ပိုင်ရှင် အပါအဝင် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ပြည်ပသို့ ထွက်ခွာလိုပါက ထွက်ခွာလိုသည့် အကြောင်းအရာကို စစ်ကောင်စီထံမှ တင်ပြကြိုတင်ခွင့်ပြုချက် တောင်းခံရန် လိုအပ်ပြီး ခွင့်ပြုချက်တောင်းခံခြင်းမရှိဘဲ ပြည်ပထွက်ခွာရန် ကြိုးပမ်းသည့် အောင်သမာဓိရွှေဆိုင်ပိုင်ရှင်ကို လေဆိပ်တွင် ပတ်စ်ပို့သိမ်း၍ အိမ်ပြန်ခိုင်းခဲ့ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံအတွင်းရှိ အလွန်ချမ်းသာကြွယ်၀သည်ဟု နာမည်ပေါက်သော ကုန်သည်ကြီးများ ၊ဘဏ်လုပ်ငန်းရှင်များ၊ ဆောက်လုပ်ရေးလုပ်ငန်းရှင်ကြီးများ၊ ရွှေကုန်သည်နှင့်ရွှေဆိုင်ပိုင်ရှင်များ အပါ အဝင် ထင်ရှားကျော်ကြားသော စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် ပြည်ပသို့ မည်သည့်အကြောင်းဖြင့် ထွ့က်ခွာလိုသည်ဖြစ်စေ စစ်ကောင်စီထံသို့ တင်ပြအကြောင်းကြားရမည်ဖြစ် ကြောင်း၊ ထိုသို့ အကြောင်းကြားခြင်းမရှိဘဲ ပြည်ပထွက်ခွာရန် ကြိုးစား ပါက ပတ်စ်ပို့စ်သိမ်း ဆည်း၍ ပြည်ပထွက်ခွင့် အမြဲတမ်းပိတ်ပင်မည်ဖြစ်ကြောင်း ပြည်ထဲရေး သတင်းရင်းမြစ်က ပြောဆိုသည်။

“အဲဒီ ညွှန်ကြားချက်က အသစ်တော့မဟုတ်ဘူး။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်းကတည်းက အဲဒါကို ညွှန်ကြားထားတာ။ အခုကတော့ ပိုမို တင်းတင်းကျပ်ကျပ် စိစစ်ဆောင်ရွက်ဖို့နဲ့ စီးပွားရေးအသင်းအဖွဲ့တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ အစည်းအဝေး၊ မီတင်၊ စီးပွားရေးကိစ္စ၊ ဖိုရမ်၊ ဆေးစစ်၊ဘုရားဖူး ၊ အလည် ဘာကိစ္စပဲဖြစ်ဖြစ် ကြိုတင်ခွင့်ပြုချက် ယူရမယ်ဆိုတာရှိပါတယ်။ အဲဒါ ကြိုတင် အသိမပေးရင်တော့ စုံစမ်းစစ်ဆေးမှု ခံရနိုင်ပါတယ်။ အဲဒီလို စုံစမ်းစစ်ဆေးခံရတဲ့သူတွေလည်း အတော်များများရှိခဲ့ပါတယ်” ဟု ပြည်ထဲရေး သတင်းရင်းမြစ်က ပြောဆိုသည်။

နာမည်ကြီး ရွှေဆိုင်ပိုင်ရှင်ဖြစ်သော အောင်သမာဓိရွှေဆိုင်ပိုင်ရှင် ဦးအောင်ဆန်းဝင်းသည် နိုဝင် ဘာလ ၃ ရက်နေ့ နံနက် ၈ နာရီ ၁၅ မိနစ်အချိန် မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်မှတစ်ဆင့် MAI အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း၊ လေယာဉ်အမှတ် XY-ALP(E-190)၊ ခရီးစဉ်အမှတ် 8M-337 ဖြင့် ထိုင်းနိုင်ငံ၊ သု၀ဏ္ဏဘူမိလေဆိပ်သို့ သွားရောက်ရန် ကြိုးစားစဉ် စစ်တပ်က ၎င်း၏ နိုင်ငံကူးလက်မှတ် သိမ်းဆည်း ၍ နေအိမ်သို့ ပြန်ခိုင်းခဲ့ကြောင်း၊ ရွှေစျေးကစားမှုဖြင့် အောင်သမာဓိရွှေဆိုင်ပိုင်ရှင် ဦးအောင်ဆန်းဝင်းကို စစ်ကောင်စီက ဖမ်း၀ရမ်းထုတ်၍ ပြည်ပထွက်ခွာခွင့်ပိတ်ထားသော အမည်မည်းစာရင်း(Black List) အသွင်းခံထားရသူဖြစ်ကြောင်း စစ်ကောင်စီ၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

“ကြိုတင်အသိမပေးဘူး။ ကြိုတင် ခွင့်ပြုချက်လည်း မတောင်းထားဘူး။ အဲဒါကြောင့် ပတ်စ်ပို့အသိမ်းခံရတာ” ဟု ပြည်ထဲရေးသတင်းရင်းမြစ်က အောင်သမာဓိ ရွှေဆိုင်ပိုင်ရှင်ကိစ္စနှင့်ပတ် သက်၍ ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက ရွှေစျေးကစားသည်ဟုဆိုကာ ဇွန်လ ၂ ရက်နေ့တွင် မြန်မာနိုင်ငံစျေးကွက်၏ အဓိက လက်ကြီးသမားများဖြစ်သော အောင်သမာဓိရွှေဆိုင်ပိုင်ရှင် ဦးအောင်ဆန်းဝင်း အပါအဝင် ရွှေဆိုင်ပိုင်ရှင်နှင့် ရွှေကုန်သည် ၁၀ ဦးကို ရွှေစျေးနှုန်း မတည်မငြိမ်ဖြစ်အောင် လုပ်သည်ဟုဆိုကာ ဖမ်း ၀ရမ်းထုတ်ခဲ့ကြောင်း၊ ထို့ပြင် ရွှေကုန်သည်နှင့်ဝယ်ရောင်း ၂၁ ဦးကို ဖမ်းဆီးအရေးယူခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article