26 C
Yangon

ဖာပွန်ခရိုင်တွင် ၁ လတာအတွင်း ဖြစ်ပွားသော တိုက်ပွဲများ၌ စစ်ကောင်စီ တပ်သား ၂၉ ဦးသေဆုံး၊ စစ်တပ် ပစ်ခတ်သော လက်နက်ကြီးထိမှန်ပြီး ပြည်သူ ၃ ဦးသေဆုံး

Must read

ဖာပွန်ခရိုင်တွင် ၁ လတာအတွင်း ဖြစ်ပွားသော တိုက်ပွဲများ၌ စစ်ကောင်စီ တပ်သား ၂၉ ဦးသေဆုံး၊ စစ်တပ် ပစ်ခတ်သော လက်နက်ကြီးထိမှန်ပြီး ပြည်သူ ၃ ဦးသေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၄

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်တွင် ၁ လတာအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂၉ ဦးသေဆုံးခဲ့ကြောင်း KNU-မူတြော်ခရိုင်က ပြောဆိုသည်။

အောက်တိုဘာလ ၁ ရက်နေ့မှ အောက်တိုဘာလ ၃၁ ရက်နေ့အထိ KNLA-အမှတ် ၅ တပ်မဟာ ၊ ပူးပေါင်း တပ်ဖွဲ့များနှင့် အကြမ်းဖက် စစ်တပ်တို့ တိုက်ပွဲ ၁၃၆ ကြိမ်ဖြစ်ပွားခဲ့ကြောင်း၊ ထိုတိုက်ပွဲများအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂၉ ဦးသေဆုံးပြီး ၃၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ထိတွေ့ တိုက်ပွဲများ အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ တပ်ရင်းမှူး ၁ ဦး ၊ ဒု-ရင်းမှူး ၁ ဦးနှင့် တပ်ခွဲမှူး ၁ ဦး တို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်ဘက်ဆိုင်ရာအဆောက်အ‌ဦး ၁၉ လုံးနှင့် စစ်မော်တော်ယာဥ် ၁ စီးကို ဖျက်ဆီးနိုင်ခဲ့ကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ်၏ စစ်ဗျူဟာအရ အရေးပါသည့် စခန်း ၁ ခုကိုလည်း အပြီး သတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။

တစ်လတာအတွင်း အကြမ်းဖက် စစ်တပ်က ဝေဟင် တိုက်စစ်ကို အသုံးပြု၍ ဗုံးသီး ၃၆၉ လုံးကျဲချခဲ့ပြီး လေယာဥ် ပစ်စက်သေနတ် အမြောက်အများလည်း ပစ်ခတ်ခဲ့ကြောင်း၊ ထို့ပြင် ပြည်သူများ နေထိုင်သည့် ကျေးရွာများကို လက်နက်ကြီးဖြင့် ၄၄ ကြိမ် ပစ်ခတ်ခဲ့ရာ ပြည်သူ ၃ ဦးသေဆုံးပြီး ၅ ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီးထိမှန်ပြီး လူနေအိမ် ၉ လုံး၊ ဘုရားကျောင်းဆောင် ၁ ဆောင်၊ ကျောင်းထမင်းစားဆောင် ၁ ဆောင်၊ မူကြိုကျောင်း ၁ ကျောင်း၊ မူလတန်းကျောင်း ၁ ကျောင်းနှင့် ကျောင်းဘော်ဒါဆောင် ၁ ဆောင်ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article