26 C
Yangon

ဖီမော်မြို့၊ ကန်ဖန့်ရွာကို KIA ပူးပေါင်း တပ်များ ဝင်ရောက်လာစဉ် ပြည်သူ့စစ် အဖွဲ့ဝင် ၁၀၀ ကျော်က လက်နက်ချ အလင်းဝင်၊ ပြည်သူများက KIA တပ်ဖွဲ့ဝင်များကို သောင်းသောင်းဖျဖျ ကြိုဆို

Must read

ဖီမော်မြို့၊ ကန်ဖန့်ရွာကို KIA ပူးပေါင်း တပ်များ ဝင်ရောက်လာစဉ် ပြည်သူ့စစ် အဖွဲ့ဝင် ၁၀၀ ကျော်က လက်နက်ချ အလင်းဝင်၊ ပြည်သူများက KIA တပ်ဖွဲ့ဝင်များကို သောင်းသောင်းဖျဖျ ကြိုဆို

ရန်ကုန်၊ နိုဝင်ဘာ ၄

ကချင်ပြည်နယ်၊ ဖီမော်မြို့၊ ကန်ဖန့်ရွာကို KIA ပူးပေါင်း တပ်များ ဝင်ရောက်လာစဉ် ပြည်သူ့စစ် လက်နက်ကိုင် အဖွဲ့ဝင် ၁၀၀ ကျော်က လက်နက်ချ အလင်းဝင်ခဲ့ပြီး ပြည်သူများက KIA တပ်ဖွဲ့ဝင်များကို သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြောင်း KIA ၏ စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ နိုဝင်ဘာလ ၄ ရက်နေ့ ညနေပိုင်းတွင် ကချင်အထူးဒေသ-၁ ဖီမော်မြို့ အရှေ့မြောက်ဘက် တရုတ်-ကချင် နယ်စပ်ရှိ ကန်ဖန့် ရွာကို KIA ပူးပေါင်းတပ်ဖွဲ့များ ဝင်ရောက် လာစဉ် ပြည်သူ့စစ် လက်နက်ကိုင် အဖွဲ့ဝင် ၁၀၀ ကျော်က လက်နက်ချ အလင်းဝင်ခဲ့ကြောင်း၊ လက်ရှိချိန်တွင် ကန်ဖန့်ရွာကို KIA က အပြီးသတ် သိမ်းပိုက် ထိန်းချုပ်လိုက်ကြောင်း သိရသည်။

ကန်ဖန့်ရွာကို ဝင်ရောက်လာသည့် KIA ပူးပေါင်း တပ်ဖွဲ့များကိုလည်း ဒေသပြည်သူများက သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ပြီး အလင်းဝင်ရောက်လာသော ပြည်သူ့စစ်အဖွဲ့ဝင် ၁၀၀ ကျော်ရှိကာ လက်ရှိချိန်တွင် စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

“ကချင်အထူးဒေသ-၁ ဖီမော်မြို့ အရှေ့မြောက်ဘက် တရုတ်-ကချင်နယ်စပ်မှာရှိတဲ့ ကန်ဖန့် ရွာကို ဒီနေ့ ညနေပိုင်းက KIA ပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက် သိမ်းပိုက်ထိန်းချုပ်လိုက်ပါပြီ ပြည်သူတွေက မခုခံခိုင်းတော့ လက်နက်ချလိုက်တဲ့သဘော ဒီနေ့ လက်နက်ချတာ ၁၀၀ ကျော်တယ်။ ဒေသ ပြည်သူလူထုများကတော့ KIA တပ်ဖွဲ့ဝင်တွေကို လှိုက်လှိုက်လဲလဲ ကြိုဆိုခဲ့ပါတယ်။ ကန်ဖန့်ရွာမှာက တိုက်ပွဲမဖြစ်ဘဲ ပြည်သူ့စစ်တွေ လက်နက်ချသွားတာ အခုကျန်တာဆိုလို့ လန်ဆယ် ဘဲကျန်တော့တယ်။ လန်ဆယ် ပြီးရင်ကုန်ပြီ ကံပိုင်တီဘဲကျန်မယ်” ဟု KIA ၏ စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article