28 C
Yangon

နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ဒိုးနွယ်ကျေးရွာအုပ်စုအောက်ရှိ ကျေးရွာတစ်ရွာလျှင် ငွေကျပ် သိန်း ၁၀၀ နှုန်းဖြင့် စစ်မှုထမ်းမိသားစုများကို ထောက်ပံ့ရန် ပြည်သူများထံမှ အတင်းအကျပ် ငွေကြေးကောက်ခံ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၅

နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ဒိုးနွယ်ကျေးရွာအုပ်စုအောက်ရှိ ကျေးရွာတစ်ရွာလျှင် ငွေကျပ် သိန်း ၁၀၀ နှုန်းဖြင့် စစ်မှုထမ်းမိသားစုများကို ထောက် ပံ့ရန် ပြည်သူများထံမှ အတင်းအကျပ် ငွေကြေးကောက်ခံနေကြောင်း ဒေသပြည်သူများထံမှသိရှိရသည်။

နိုဝင်ဘာလ ၁ ရက်နေ့ နေပြည်တော်၊ဒက္ခိဏသီရိမြို့နယ် ဒိုးနွယ်ကျေးရွာအုပ်စုတွင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးချစ်နှင့်ကြံ့ဖွတ်ပါတီဝင်ဟောင်း ကျော်နိုင်ဝင်းတို့က ဦးဆောင်ကာ ပြည်သူ့စစ်မှုထမ်းထောက်ပံ့ရေး အစည်းအဝေး ခေါ်ယူခဲ့ကြောင်း၊ ယင်းနောက် စစ်မှုထမ်းရသူများနှင့် မိသားစုများကို ငွေ ကြေး ထောက်ပံ့ရန် လစဉ် ငွေကြေးကောက်ခံသွားရန် ဆုံးဖြတ်ခဲ့ကြောင်း၊ အဆိုပါ ဆုံးဖြတ်ချက်အရ ဒိုးနွယ်ကျေးရွာအုပ်စု အောက်ရှိ ဒိုးနွယ်ကျေးရွာ၊ ရွာသစ်ကျေးရွာနှင့် ရဲဒိကျေးရွာရှိ ပြည်သူများထံမှ တစ်အိမ်ထောင်လျှင် ငွေကျပ် ၂ သောင်းလစဉ် ကောက်ခံပြီး တစ်ရွာလျှင် ငွေကျပ် သိန်း ၁၀၀ ပြည့်မီစေရေး ကောက်ခံပေးရန် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးချစ်နှင့်ကြံ့ဖွတ် ကျော်နိုင်ဝင်းတို့က ဖိအားပေး ခြိမ်းခြောက်လာကြောင်း သိရှိရသည်။

“ကြံ့ခိုင်ရေး ပါတီဝင်ဟောင်း ကျော်နိုင်ဝင်းနဲ့ ဦးချစ်ဆိုသူ ၂ ဦး တို့က ဦးဆောင်ပြီး တစ်ရွာကို သိန်း ၁၀၀ နှုန်း လစဉ်ပြည့်မီအောင် ကောက်မယ်။ ရွာ ၃ ရွာမှာ ရှိတဲ့အိမ်တိုင်း လစဉ် ငွေ ၂၀၀၀၀ ထည့်ဝင်ရမယ်ပေါ့။ ကျော်နိုင်ဝင်းက ကြံ့ဖွတ်ပါတီမှာ အရင်လုပ်ခဲ့ဖူးတယ်။ စက်မှူလယ်ယာက ထွန်စက် ရိတ်ခြွေစက်တွေကို သူ့အပိုင်စက်တွေလို ငှားခယူ အငှားချ စားနေခဲ့တာ။ အရင်ကတည်းက ဖွတ်အကြီးစား. ဦးချစ် ဆိုတာက ကျေးရွာ အုပ်စု ဥက္ကဌ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ကျေးရွာပြည်သူများမှာ လက်ရှိ သဘာ၀ဘေးအန္တရာယ်များ၊ ပေါ်တာဆွဲခြင်း အန္တရာယ်များကြောင့် အလုပ်အကိုင်ကောင်းမွန်ခြင်းမရှိချိန် ယခုကဲ့သို့ ငွေကြေး အတင်းအကျပ် ကောက်ခံလာမှုများကြောင့် အခက်အခဲဖြစ်နေရကြောင်း သိရှိရသည်။

ဒိုးနွယ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက တစ်ရွာလျှင် ငွေကျပ် သိန်း ၁၀၀ ကို စစ်မှုထမ်းအပတ်စဉ်တိုင်းကို ထောက်ပံ့ရန် လကုန်ပြီး သတ်မှတ်ရက် ၅ ရက်အတွင်း အပြီး ကောက်ယူမည်ဖြစ်ကြောင်း၊ အိမ်ထောင်စုများအားလုံး မဖြစ်မနေ ပါဝင် ထည့်ဝင်ရမည်ဟု ခြိမ်းခြောက် ဖိအားပေးနေကြောင်း သိရှိရသည်။

ဓာတ်ပုံ – စစ်မှုထမ်းအဖြစ် စုဆောင်းခံရသော လူငယ်များ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

စစ်မှုထမ်းအဖြစ် စုဆောင်းခံရသော လူငယ်များ။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article