28 C
Yangon

မင်းအောင်လှိုင် ၏ တရုတ်ခရီးစဉ် နိုင်ငံတော် အဆင့် မဟုတ်ဆိုသော သတင်းစကားရရှိပြီး မြောက် ပိုင်းမဟာမိတ်များအပေါ် တရုတ်၏ဖိအားပေးမှု အကျိုးမရှိနိုင်ဟု NUG နိုင်ငံခြားရေးဝန်ကြီးပြောဆို

Must read

မင်းအောင်လှိုင် ၏ တရုတ်ခရီးစဉ် နိုင်ငံတော် အဆင့် မဟုတ်ဆိုသော သတင်းစကားရရှိပြီး မြောက် ပိုင်းမဟာမိတ်များအပေါ် တရုတ်၏ဖိအားပေးမှု အကျိုးမရှိနိုင်ဟု NUG နိုင်ငံခြားရေးဝန်ကြီးပြောဆို

ရန်ကုန်၊နိုဝင်ဘာ ၅

အကြမ်းဖက်မင်းအောင်လှိုင်၏ တရုတ်ခရီးစဉ်သည် နိုင်ငံတော်အဆင့် ခရီးစဉ်မဟုတ်ဘဲ ပြည်နယ်အဆင့်တွင် ပြုလုပ်သည့် ဒေသတွင်း စီးပွားရေးဆွေးနွေးပွဲတစ်ခုသာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ-NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောသည်။

ယနေ့ပြုလုပ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကရင်အမျိုးသားအစည်းအရုံး(KNU) ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) ၊ ချင်းအမျိုးသားတပ်ဦး(CNF) တို့၏ ပူးတွဲ သတင်း စာရှင်းလင်းပွဲတွင် ၎င်းက အထက် ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

မင်းအောင်လှိုင်၏ တရုတ်နိုင်ငံခရီးစဉ်အကြောင်းကို NUG အနေဖြင့် ကြိုတင်သိရှိခဲ့ပြီး ယင်းခရီးစဉ်နှင့် ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဆီကို လိပ်မူပြီး ပြန်လည်စဉ်းစားရန် သုံးသပ်ရန် မေတ္တာရပ်ခံ စာပေး ပို့ခဲ့ကြောင်း၊ယင်းသို့ မင်းအောင်လှိုင်ကို တရုတ်သို့ ဖိတ်ကြားခြင်းသည် စစ်ကောင်စီကို အသိမှတ်ပြု သကဲ့သို့ မဖြစ်စေရန် တရုတ်နိုင်ငံထံသို့ တရားဝင် အကြောင်းကြားခဲ့ကြောင်း၊ ယင်းနောက် မင်းအောင်လှိုင်၏ ခရီးစဉ်သည် နိုင်ငံတော်အဆင့် ခရီးစဉ်မဟုတ်ဟုဆိုသော သတင်းစကားပြန်လည် ရရှိကြောင်း ဒေါ်ဇင်မာအောင်ကပြော သည်။

“အခုလိုမျိုး ဖိတ်ကြားခြင်း ဆောင်ရွက်ခြင်းက စစ်ကောင်စီကို အသိအမှတ်ပြုလိုက်သလို မဖြစ်ဖို့ လိုအပ်တယ်ဆိုတာကို လည်းပြောကြားခဲ့ပြီးဖြစ်တယ်။ အဲဒီတော့ ကျမတို့ သဘောထားက အင်မတန်မှ ရှင်းလင်းပါတယ်။ ဒီတွေ့ဆုံမှု ဒီလိုမျိုး ဖိတ်ကြားမှု ဒီခရီးစဉ်က တရုတ်နဲ့ မြန်မာပြည်သူလူထုအကြား တရုတ်မြန်မာဆက်ဆံရေးကို အထောက်အကူဖြစ်ဖို့ထက် အဖုအထစ်ဖြစ်သွားနိုင်ဖို့လို့ စစ်ကောင်စီကို မျက်နှာမူတဲ့ ဆက်ဆံရေးမျိုးဖြစ်နေတာကို စိုးရိမ်မှု ရှိတယ်ဆိုတဲ့အကြောင်းကိုတော့ ကျမတို့ အကြောင်းကြားထားပြီးဖြစ်တယ်။ နောက် တစ်ခု ကတော့ ကျမတို့ နောက်ပိုင်းသိရသလောက် ဒါသည် State Visit မ ဟုတ်ဘူး။ ခုနပြောတဲ့ ပြည်နယ်တစ်ခုမှာပဲ လုပ်တဲ့ Regional Forum တစ်ခုကို တက်ရောက်တာသာဖြစ်တယ်ဆိုပြီးတော့လည်း ကျမတို့ သတင်းစကား ပြန်လည်ရရှိခဲ့တာရှိပါတယ်” ဟု NUG နိုင်ငံခြားဝန်ကြီးဒေါ်ဇင်မာအောင်က ပြောဆိုသည်။

ယင်းအပြင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ သိမ်းပိုက်ထားသည့် မြို့များ နယ်စပ်ဂိတ်များတွင် တရုတ်နိုင်ငံဘက်က ပိတ်ထားသည့် အပေါ်မှာလည်း တရုတ်အစိုးရကို မေးမြန်းနေသကဲ့သို့ ဒေသခံပြည်သူများ၏ အသံကို နား ထောင်ရန် တိုက်တွန်းနေကြောင်း၊ယင်းအပေါ်မှာ နားထောင်ခြင်း၊ မထောင်ခြင်းက ဘေဂျင်းအစိုးရအပေါ်တွင်သာ မူတည်နေပြီး အမြဲစောင့်ကြည့်နေကြောင်း ဒေါ်ဇင်မာအောင်ကပြောသည်။

အကြမ်းဖက်စစ်ကောင်စီ၏တပ်စခန်းများနှင့်မြို့များကို သိမ်းပိုက်နေသည့် မြောက် ပိုင်းမဟာမိတ်များ အပေါ် ဖိအားများပေးနေခြင်းသည် တရုတ်နိုင်ငံအတွက် အကျိုးမရှိနိုင်သကဲ့သို့ တော်လှန်ရေး ဦးတည်ရာ လမ်းကြောင်းသည်လည်း မပြောင်းနိုင်ကြောင်း NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကပြောသည်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့များကလည်း နွေဦးတော်လှန်ရေးစတင်ကတည်းက စိတ်ပိုင်းဖြတ်ထားမှုများရှိနေပြီး ၁၀၂၇ စစ်ဆင်ရေးစတင်တုန်းက ကြေညာထားချက်များအရ ရည်ရွယ်ချက်များကို ကြည့်ခြင်းအားဖြင့် တရုတ်၏ ဖိအားပေးမှုများ မည်သို့ပင် ရှိစေကာမူ မြန်မာနိုင်ငံ၏ ပြည်တွင်းရေး ပြည် ထောင်စု တည် ဆောက်ရေး ကို တိုင်းရင်းသားလူမျိုးစုများက ကိုယ့်ရည်မှန်းချက်ကို အပျောက်မခံဘဲ ဆက်သွားမည်ဖြစ် သည်ကို မျှော်လင့်ယုံကြည်၍ ရကြောင်း ဒေါ်ဇင်မာအောင်ကပြောသည်။

တရုတ်နိုင်ငံ၏ နယ်စပ်ဒေသတည်ငြိမ်ရေး အေးချမ်းရေးဆိုသည့် အချက်ကို နားလည်သ ဘောပေါက်သော်လည်း မြန်မာနိုင်ငံရေးအခြေအနေကို ဆေးမြီးတိုဖြင့် ကုသ၍ မရကြောင်း၊ရေရှည်အဖြေတစ်ခုရှာရမည်ဖြစ်ပြီး ယင်းအခြေ အနေ ကို တရုတ်နိုင်ငံအနေဖြင့် နားလည်စေချင်ကြောင်း ၊ရေရှည်အာမခံနိုင်သည့် အဖြေရရှိရန် တိုက်ပွဲဝင်နေခြင်းဖြစ်ကြောင်း၊ဆေးမြီးတိုဖြင့် ကုသနေလျှင် မကြာခဏ မတည်ငြိမ်မှု ဖြစ်နေမှာ ဖြစ်ပြီး မြန်မာနိုင်ငံ၏ သမိုင်းကြောင်းကို ပြန်ကြည့်လျှင်လည်း နိုင်ငံရေးမတည်ငြိမ်မှုများ မကြာခဏ အာဏသိမ်းမှုများ ဖြစ်နေ၍ ယင်းအခြေအနေကို ကျော်လွှားနိုင်ရန် စစ်တပ်နိုင်ငံရေးမှာ မပါသည့် အာမခံချက်ရှိသည့် စနစ်ပြောင်းတော်လှန်ရေး ဖြစ်ရန်လိုသည်ဟု ဝန်ကြီးဒေါ်ဇင်မာအောင်က ဆိုသည်။

တိုင်းရင်းသားများအတွက်ဆိုလျှင်လည်း ဖက်ဒရာယ်စနစ်ကို အာမခံနိုင်သည့် စနစ်ဖြစ်ရမည်ဖြစ် ကြောင်း၊ ယင်းအဖြေများရရှိရန်အတွက် ဆိုလျှင် မည်သည့် နိုင်ငံ၏ ဖိအားပေးရုံဖြင့် အကျိုးမရှိနိုင်သကဲ့သို့ တရုတ်နိုင်ငံအတွက်လည်း အကျိုးရှိနိုင်မည်မဟုတ်ကြောင်း၊ ယင်းသို့ ဖိအားများမရှိလျှင် အကောင်းဆုံးဖြစ်ပြီး တော်လှန်ရေးအမြန်ဆုံးပြီးမြောက်မည်ဖြစ်သကဲ့သို့ ဖိအားများရှိခြင်းကြောင့် ပိုရုန်းကန်ရပြီး လူထု၏ စိုးရိမ်သောကများကို မြင့်တက်စေကြောင်း်မည်သို့ပင်ဆိုစေကာမူ တော်လှန်ရေး၏ လမ်းကြောင်း ဦးတည်ရာသည် ပြောင်း လဲသွားမည်မဟုတ်ကြောင်း NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်အောင်က ပြောသည်။

ဓာတ်ပုံ- ယနေ့ တရုတ်နိုင်ငံ၊ ကူမင်းမြို့သို့ ရောက်ရှိနေသော အကြမ်းဖက် မင်းအောင်လှိုင်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article