33 C
Yangon

ပုလဲမြို့နယ်၊ အိုင်းမရွာနှင့် အလယ်ဘုံရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားချင်းမရှိဘဲ လေကြောင်း၊ လက်နက်ကြီးများဖြင့် ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်မှု ပြည်သူ ၄ ဦးသေဆုံး

Must read

ပုလဲမြို့နယ်၊ အိုင်းမရွာနှင့် အလယ်ဘုံရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားချင်းမရှိဘဲ လေကြောင်း၊ လက်နက်ကြီးများဖြင့် ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်မှု ပြည်သူ ၄ ဦးသေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၅

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ အိုင်းမရွာနှင့် အလယ်ဘုံရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားချင်းမရှိဘဲ လေကြောင်း၊ လက်နက်ကြီးများဖြင့် ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၄ ဦးသေဆုံးခဲ့ကြောင်း စစ်ကိုင်းပြည်သူ ဖေးမကူကွန်ရက်မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၅ ရက်နေ့ မွန်းလွဲ ၃ နာရီ ၁၅ မိနစ်ခန့်တွင် အိုင်းမကျေးရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် အိုင်းမရွာမှ အသက် ၇၀ နှစ် အရွယ် အမျိုး ၁ ဦး ၊ အသက် ၂၅ နှစ် အရွယ် အမျိုးသမီး ၁ ဦးနှင့် အသက် ၄၀ နှစ် အမျိုးသား ၁ ဦး သေဆုံးခဲ့ပြီး ပြည်သူ ၅ ဦးလည်း ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အလားတူ နိုဝင်ဘာလ ၄ ရက်နေ့ကလည်း ပုလဲမြို့ပေါ်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် အလယ်ဘုံကျေးရွာ ဘုန်းကြီးကျောင်းဝင်း အတွင်းကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၄၀ အရွယ် အမျိုးသား ၁ ဦးသေဆုံးပြီး ဘုန်းကြီးကျောင်းလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

“ထိခိုက်ဒဏ်ရာရရှိတဲ့ ပြည်သူတွေ စိုးရိမ်ရပါတယ်။ လေကြောင်းနဲ့ ဗုံးကျဲတာက ရွာဘေးပတ်လည်ကို ပစ်ခတ်တာမဟုတ်ဘဲ ရွာအလယ်ကို ဗုံးကျဲချတာဖြစ်တဲ့အတွက် ဒေသပြည်သူတွေ ပြင်းထန် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်” ဟု စစ်ကိုင်းပြည်သူ ဖေးမကူကွန်ရက်မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article