28 C
Yangon

Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၆ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ နိုဝင်ဘာ ၆ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • တရုတ်-မြန်မာနယ်စပ်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဟာ ဒီမိုကရေစီနဲ့လူမျိုးစု အရေးကို ဟန်ပြပြီး စစ်ဘုရင်ဝါဒအသက်သွင်းနေသူတွေဖြစ်ရုံတင်မက မူးယစ်ဆေးဝါး၊ မှောင်ခိုမှု နဲ့ တရားမဝင် လုပ်ငန်း လုပ်ဆောင်သူတွေပါ ဖြစ်တဲ့အတွက် “ကျားသေကို အသက်ပြန်မသွင်းဖို့” လိုတယ်ဆိုပြီး အကြမ်းဖက် မင်းအောင်လှိုင်က တရုတ်နိုင်ငံမှာ သွားပြောနေပြန်တယ်လို့ သိရပါတယ်။
  • ရခိုင်ပြည်နယ်မှာ မြို့နယ် ၄ ခုကို တစ်ပြိုင်နက်တည်း ထိုးစစ်ဆင်နေတဲ့ အာရက္ခတပ်တော် AA ဟာ တောင်ကုတ်မြို့နယ်က အကြမ်းဖက် စစ်ကောင်စီရဲ့ ပန်းမြောက်တောင် အမြောက်တပ် စခန်းကို ထပ်မံသိမ်းပိုက်လိုက်ပြီလို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
  • ရခိုင်ပြည်နယ် အမ်းမြို့နယ်နဲ့ ထိစပ်နေတဲ့ မကွေးတိုင်း ငဖဲမြို့နယ်က အမ်း-ပဒါန်းလမ်းပိုင်းမှာ အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ လုံခြုံရေး တပ်စခန်း ၂ ခုကို တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခြေမှုန်းမှုအတွင်း စစ်ကောင်စီတပ်သား ၁၀ ဝန်းကျင်ကတော့ အသီးသီး သေကုန်ကြတဲ့အပြင် ၊ ဧရာ၀တီမြစ်အနောက်ခြမ်းဒေသကို ထိန်းချုပ် စိုးမိုးနိုင်ဖို့ တော်လှန်ရေးတပ်တွေက ကြိုးစားနေတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article