28 C
Yangon

စလင်းမြို့နယ်၊ တညောင်ရွာ ရဲစခန်းနှင့် လျှပ်စစ်ခွဲရုံးတို့တွင် တပ်စွဲထားသော စစ်တပ်ကို တပြိုင်တည်း တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၇ ဦးသေဆုံး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၇

မကွေးတိုင်း၊ စလင်းမြို့နယ်၊ တညောင်ရွာ ရဲစခန်းနှင့် လျှပ်စစ်ခွဲရုံး တို့တွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို တပြိုင်နက်တည်း ဝင်ရောက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၇ ဦးသေဆုံးခဲ့ကြောင်း စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၅ ရက်နေ့ နံနက် ၅ နာရီခန့်အချိန် တညောင်ရဲစခန်းနှင့် တညောင်လျှပ်စစ်ခွဲရုံးကို စလင်းပြည်သူ့ကာကွယ်ရေးအဖွဲ့၏ စစ်ရေးစီမံချက်ဖြင့် တော်လှန်ရေး တပ်ဖွဲ့များက တပြိုင်တည်း ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ တပ်သား ၇ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ အများအပြားရှိကြောင်း၊ ထို့ပြင် တညောင်ရဲစခန်း ပတ်လည်ရှိ အတားအဆီးများကိုလည်း ဖျက်ဆီး မီးရှို့ရှင်းလင်း နိုင်ခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရှိရသည်။

“တညောင်တိုက်နယ်မှာရှိတဲ့ တညောင်ရဲစခန်းနဲ့ တညောင်လျှပ်စစ်ခွဲရုံးကို ကျွန်တော်တို့ စလင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ စစ်ရေးစီမံချက်အရ တပြိုင်တည်း ဝင်ရောက် တိုက်ခိုင်နိုင်ခဲ့ပါတယ်။ အပြန်အလှန် ပစ်ခတ် တိုက်ခိုက်မှုအတွင်း စစ်ခွေး ၇ ကောင်သေတယ်။ ထိခိုက် ဒဏ်ရာရရှိသူ အများအပြားရှိတယ်။ တညောင်ရဲစခန်း ပတ်လည်မှာရှိတဲ့ အတားအဆီးတွေကိုလည်း ဖျက်ဆီး မီးရှို့ရှင်းလင်းခဲ့တယ်” ဟု စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (စလင်း-ပကဖ) နှင့် ရပ်ကျေး ပကဖ များ၊ မင်းဘူးခရိုင် ပကဖ၊ မကွေးတိုင်း ပကဖ Drone လက်ရုံးတပ်ဖွဲ့ ဖြစ်သော သိန်းငှက်နက်ဆိပ်ဖြူတော်လှန်ရေးတပ်ဦး၊ Chauk Guerrilla Force (CGF) တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – စလင်းမြို့ပေါ်တွင် ဂိတ်ချစစ်ဆေးမှုများ လုပ်နေသော အကြမ်းဖက်စစ်တပ်။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

စလင်းမြို့ပေါ်တွင် ဂိတ်ချစစ်ဆေးမှုများ လုပ်နေသော အကြမ်းဖက်စစ်တပ်။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article