25 C
Yangon

စစ်ကောင်စီ၏ ယုတ်ရင်းရက်စက်သော တိုက်ခိုက်မှုများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးလာရသော မြန်မာပြည်သူများကို အကူအညီပေးရန် UNHCR နှင့် အိမ်နီးချင်းနိုင်ငံများကို သံအမတ်ကြီး ဦးကျော်မိုးထွန်းတိုက်တွန်း

Must read

ရန်ကုန်၊ နိုဝင်ဘာ ၇

အကြမ်းဖက် စစ်ကောင်စီ၏ ယုတ်ရင်းရက်စက်သော တိုက်ခိုက်မှုများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးလာရသော မြန်မာပြည်သူများကို အကူအညီပေးရန် UNHCR နှင့် အိမ်နီးချင်းနိုင်ငံများကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းတိုက်တွန်းလိုက်သည်။

ယမန်နေ့ နိုဝင်ဘာလ ၆ ရက်နေ့ ၇၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ တတိယကော်မတီအစည်းအဝေးတွင် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးနှင့် အပြန်အလှန်ဆွေးနွေးမှုအတွင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က အထက်ပါအတိုင်း တိုက်တွန်းလိုက်ခြင်းဖြစ်သည်။

စစ်ကောင်စီ၏ ယုတ်ရင်းရက်စက်သော လေကြောင်းတိုက်ခိုက်မှုများ၊ မတရား ဖမ်းဆီးချုပ်နှောင် မှုများ၊ အကြမ်းဖက်မှုများနှင့် အတင်းအကျပ် တပ်သားစုဆောင်းမှုများမှ လွတ်မြောက်နိုင်ရန် ရိုဟင်ဂျာအပါအဝင် များစွာ သော မြန်မာပြည်သူများ အတင်းအကျပ် နေရပ်စွန့်ခွာနေရကာ ဝေးလံခေါင်ဖျားသော နေရာ ဒေသများ သို့တည်းမဟုတ် အိမ်နီးချင်းနိုင်ငံများနှင့် အခြား ဒေသတွင်းနိုင်ငံများတွင် ခိုလှုံ နေထိုင်နေရလျက်ရှိကြောင်း​၊ အိမ် နီးချင်းနိုင်ငံများ၌ ပိတ်မိနေသည့် ဒုက္ခသည်များအနေဖြင့် လုံခြုံရေး အရ စိန်ခေါ်မှုများစွာ ကြုံတွေ့နေရပြီး ပြန်လည်နေရာချထားရေး အခွင့် အလမ်းများအတွက် အပါအဝင် အခြားသော မသေချာ၊ မရေရာမှုများကိုလည်း ရင်ဆိုင် နေရလျက်ရှိကြောင်း ၎င်းတို့အနေဖြင့် UNHCR သို့ ချဉ်းကပ်ကာ နိုင်ငံတကာ အကာအကွယ် ရရှိနိုင်ရန် ကြိုးပမ်းလျက်ရှိပြီး အများစုမှာ UNHCR ထံမှ ပြန်ကြားမှုကို စောင့်ဆိုင်းလျက်ရှိကြောင်း၊ ၎င်းတို့အနေဖြင့် စိတ်ဒဏ်ရာများရကာ ကူကယ်ရာမဲ့နေသည်ဟု ခံစားနေရ လျက်ရှိကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ရှင်းလင်းပြောဆိုသည်။

ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးအနေဖြင့် အိမ်နီးချင်းနိုင်ငံများတွင် ပိတ်မိနေသာ အဆိုပါ မြန်မာ ပြည်သူများ ထံသို့ ၎င်းတို့၏ လုံခြုံရေး၊ ကျန်းမာရေးနှင့် ၎င်းတို့၏ အနာဂတ်နှင့် ၎င်းတို့ ကလေး ငယ်များ၏ အနာဂတ်အတွက် မည်သို့သော အားပေးစကားနှင့် အကူအညီပေးနိုင်မည့် သတင်း စကားများ ပြောကြားပေးနိုင်မည်ကို မေးမြန်းလိုကြောင်း သံအမတ်ကြီးက မေးခွန်းထုတ်သည်။

မြန်မာနိုင်ငံတွင် မတရား စစ်အာဏာသိမ်းမှုနှင့် စစ်အုပ်စုမှ လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို ကျူးလွန်လျက် နိုင်ငံနှင့်တစ်ဝှမ်းနေထိုင်သော အရပ်သားပြည်သူများအပေါ် ကျူးလွန်နေဆဲဖြစ်သည့် ရက်စက်ကြမ်းကြုတ်မှုများနှင့် မဆင်မခြင် တိုက်ခိုက်မှုများကြောင့် ဆက်လက် ဖြစ်ပွားနေသော စိုးရိမ်ရသည့် ဒုက္ခသည် အကျပ်အတည်းကို UNHCR ၏ အစီရင်ခံစာက ဆို့နင့်ဖွယ်ကောင်းအောင် ထင်ဟင် ဖော်ပြ ထားကြောင်း၊ လူမှုရေးနောက်ခံ အမျိုးမျိုး ကွဲပြားကြသည့် ဒုက္ခသည် အများစုအနေဖြင့်လည်း တတိယ နိုင်ငံများ၌ နိုင်ငံရေး ခိုလှုံခွင့်နှင့် ယာယီအကာအကွယ်ပေးမှုများ လျှောက်ထားလျက်ရှိ ကြောင်း၊ ဒုက္ခရောက်နေသော မိမိတို့၏ မြန်မာပြည်သူများအား အကူအညီပေးအပ် လျက်ရှိသော အိမ်ရှင်နိုင်ငံ အစိုးရများနှင့် ပြည်သူများအား ကျေးဇူးတင်ရှိသည့်နည်းတူ ၎င်းတို့ အား လိုအပ် သည့် အကူအညီနှင့် စောင့်ရှောက်မှုများ ပိုမို ပေးအပ်ပေးရန် တောင်းဆိုလိုကြောင်း သံအမတ်ကြီးက တိုက်တွန်းသည်။

အိမ်နီးချင်းနိုင်ငံများ၌ ပိတ်မိနေသည့် ဒုက္ခသည်များအနေဖြင့် လုံခြုံရေး အရ စိန်ခေါ်မှုများစွာ ကြုံတွေ့နေရပြီး ပြန်လည်နေရာချထားရေး အခွင့် အလမ်းများအတွက် အပါအဝင် အခြားသော မသေချာ၊ မရေရာမှုများကိုလည်း ရင်ဆိုင် နေရလျက်ရှိကြောင်း၊ မိမိတို့၏ ခိုင်မာသောအမြင်မှာ ရိုဟင်ဂျာများ နေရပ်သို့ ဘေးကင်းလုံခြုံ၍ ဆန္ဒအလျောက် နှင့် သိက္ခာရှိစွာ ပြန်လည်သွားရောက်နိုင်ရေးအပါအဝင် ဒုက္ခသည်အရေး ဖြေရှင်းနိုင်ရန်မှာ ပြစ်မှု ကျူးလွန်သူများကို တရား ဥပဒေကြောင်းအရ တာဝန်ခံမှု ရှိစေရေး၊ မြန်မာနိုင်ငံတွင် စစ်အာဏာ ရှင်စနစ်နှင့် ၎င်းတို့၏ မတရား စစ်အာဏာသိမ်းမှု ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ထောင်ရေးတို့က အဓိကသော့ချက်ဖြစ်ကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ရှင်း လင်းပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article