22 C
Yangon

ရွှေဘိုမြို့နယ်ရှိ စစ်ရှောင်ပြည်သူများကို ထမင်းနှင့် ဟင်း အာဟာရဒါန ကုသိုလ်ပြု

Must read

ရွှေဘိုမြို့နယ်ရှိ စစ်ရှောင်ပြည်သူများကို ထမင်းနှင့် ဟင်း အာဟာရဒါန ကုသိုလ်ပြု

ရန်ကုန်၊နိုဝင်ဘာ ၈

ရွှေဘိုမြို့နယ်ရှိ စစ်ရှောင်ပြည်သူများကို ဒီပဲယင်းမြို့နယ်ညီနောင်များက အလှူရှင် Together We Fight ကိုယ်စား ထမင်းနှင့် ဟင်း အာဟာရဒါန ကုသိုလ်ပြုခဲ့ကြောင်း သိရှိရသည်။

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ချီပါရွာ၌ တပ်စွဲပြီး ၉ ရက်ကြာ စစ်ကြောင်းထိုးနေ၍ ထောင်နှင့်ချီသော ပြည်သူများ စစ်ဘေးရှောင်နေကြရပြီး ပြည်သူများ စားနပ်ရိက္ခာလိုအပ်လျက်ရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ထို့ပြင် ရွှေဘို-မုံရွာ လမ်းပိုင်းကိုလည်း စစ်တပ်က ပိတ်ဆို့ထား၍ ကုန်ဈေးနှုန်းများ အဆမတန် မြင့်တက်နေကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article