26 C
Yangon

ဖီမော်မြို့၊ ကန်ဖန်းရွာမှ အလင်းဝင်ရောက်ခဲ့သည့် ပြည်သူ့စစ် တပ်ဖွဲ့ဝင် ၁၀၀ ကျော်ကို KIA က ဂုဏ်ပြု ကြိုဆို

Must read

ဖီမော်မြို့၊ ကန်ဖန်းရွာမှ အလင်းဝင်ရောက်ခဲ့သည့် ပြည်သူ့စစ် တပ်ဖွဲ့ဝင် ၁၀၀ ကျော်ကို KIA က ဂုဏ်ပြု ကြိုဆို

ရန်ကုန်၊ နိုဝင်ဘာ ၈

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၊ ဖီမော်မြို့၊ ကန်ဖန်းရွာမှ အလင်းဝင်ရောက်ခဲ့သည့် ပြည်သူ့စစ် တပ်ဖွဲ့ဝင် ၁၀၀ ကျော်ကို KIA က ဂုဏ်ပြု ကြိုဆိုခဲ့ကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောဆိုသည်။

နိုဝင်ဘာလ ၅ ရက်နေ့တွင် ဖီမော်မြို့၊ ကန်ဖန်းရွာမှ အလင်းဝင်ရောက်ခဲ့သည့် ပြည်သူ့စစ် တပ်ဖွဲ့ဝင် ၁၀၀ ကျော်ကို KIA က ဂုဏ်ပြုကြိုဆိုပွဲပြုလုပ်ခဲ့ပြီး တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ဟောပြောပွဲလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကန်ဖန်းရွာကို နိုဝင်ဘာလ ၄ ရက်နေ့ ညနေပိုင်းတွင် KIA ပူးပေါင်းတပ်ဖွဲ့များ ဝင်ရောက် လာစဉ် ပြည်သူ့စစ် လက်နက်ကိုင် အဖွဲ့ဝင် ၁၀၀ ကျော်က လက်နက်ချ အလင်းဝင်ခဲ့ခြင်းပြီး လက်ရှိချိန်တွင် ကန်ဖန်းရွာကို KIA က ထိန်းချုပ်ထားကြောင်း သိရှိရသည်။

KIA ပူးပေါင်း တပ်ဖွဲ့များ ကန်ဖန်းရွာကို ဝင်ရောက်လာစဉ် ဒေသပြည်သူများကလည်း သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ပြီး လက်နက်မချသော ပြည်သူ့စစ် တပ်ဖွဲ့ဝင်များက ကန်ဖန်းရွာအနီးရှိ ချောင်းတွင်းကို သေနတ်များစွန့်ပစ်၍ ထွက်ပြေးသွားကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article