27 C
Yangon

အမ်းမြို့၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုက်ပွဲများအတွင်း ထွက်ပြေးလာသော ခမရ ၃၇၁ နှင့် ခမရ ၃၇၃မှ စစ်သား ၄ ဦးကို အရှင်ဖမ်းမိ

Must read

အမ်းမြို့၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုက်ပွဲများအတွင်း ထွက်ပြေးလာသော ခမရ ၃၇၁ နှင့် ခမရ ၃၇၃မှ စစ်သား ၄ ဦးကို အရှင်ဖမ်းမိ

ရန်ကုန်၊ နိုဝင်ဘာ ၉

ရခိုင်ပြည်နယ်၊ အမ်းမြို့ရှိ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုက်ပွဲမှ ထွက်ပြေးလာသော အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးကို အရှင်ဖမ်းဆီးရရှိခဲ့ကြောင်း CDF – Asho တာဝန်ရှိသူ ဆလိုင်းရိုချင်း က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ရခိုင်ပြည်နယ်၊ အမ်းမြို့ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ခမရ ၃၇၃ တပ်ရင်းကို အာရက္ခတပ် တော် -AA က တိုက်ခိုက်သိမ်းပိုက်စဉ် စစ်သား ၈ ဦးသာ ကျန်ရှိနေချိန် လက်များစွန့်ပစ်ပြီး ထွက်ပြေး လာသော တပ်သား သက်နိုင်နှင့် သက်နိုင်ဦးတို့ကို အောက်တိုဘာလ ၃၁ ရက်နေ့တွင်လည်းကောင်း၊ အလားတူ ရခိုင်ပြည်နယ်နှင့် မကွေးတိုင်း အစပ် နယ်ခြားဂိတ်အနီးရှိ ကြက်ရေစမ်းရွာအနီးတွင် ရှေ့ တန်း စစ်ကြောင်းအဖြစ် တာဝန်ပေးခြင်းခံရသူ ခမရ ၃၇၁ မှ တပ်သား ရဲမွန်ဦးနှင့် ကျော်မင်းဦး တို့ကို နိုဝင်ဘာလ ၃ ရက်နေ့တွင်လည်းကောင်း ဖမ်းမိခဲ့ကြောင်း သိရသည်။

“ဖမ်းမိတာကတော့ အဖွဲ့က ၂ ဖွဲ့လို့ ပြောရမှာပါ။ ၂ ယောက်တွဲ ၂ ယောက်တွဲပြေးလာတာပါ။ ခမရ ၃၇၃ ကတော့အရင်ပြေးလာတာဖြစ်ပါတယ်။ ခမရ ၃၇၃ ကို အာရက္ခတပ်တော် -AA က သိမ်းတဲ့ အချိန် ၃၇၃ ထဲမှာ လူသိပ်မကျန်တော့တဲ့အချိန်မှာ သူတို့ရဲ့ထွက်ဆိုချက်အရတော့ ၈ ယောက်ပဲ ကျန် တော့တဲ့အချိန်မှာ သူတို့နှစ်ယောက်က ကြောက်လန့်ပြီး သေနတ်တွေလွှင့်ပစ်ပြီး တော့မှ လွတ်ရာ လွတ်ကြောင်းပြေးလာတယ်လို့ပြောပါတယ်။ အဲလိုပြေးလာတဲ့အချိန်မှာ မကွေးတိုင်းနဲ့ ရခိုင်ပြည်နယ် အစပ်မှာ စစ်ဆင်ရေးလှုပ်ရှားတဲ့နေရာတွေကို ကျွံပြီးတော့ ဝင်လာတဲ့အတွက်ကြောင့် လက်ရဖမ်းဆီး ထား တာဖြစ်ပါတယ်။ ၃၇၁ ကနေ ပြေးလာတဲ့နှစ်ယောက်ကကျတော့ ရခိုင်ပြည်နယ်နဲ့မကွေးတိုင်း အစပ်ရွာဖြစ်တဲ့ နယ်ခြားဂိတ်နားမှာရှိတဲ့ ကြက်ရေစမ်းဆိုတဲ့ရွာနားမှာ သူတို့ကို ရှေ့တန်းစစ်ကြောင်း အဖြစ် ခမရ ၃၇၁ ကနေပြီးတော့ အဲဒီမှာတာဝန်ပေးထားတာလို့ပြောပါတယ်။ သူတို့ရဲ့ရှေ့ တန်း စခန်းလေးတွေမှာ ကင်းစောင့်တဲ့အချိန် မှာပြေးလာတာလို့ ပြောပါတယ်။” ဟု CDF – Asho တာ ဝန်ရှိသူ ဆလိုင်းရိုချင်း က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ချင်းကာကွယ်ရေးတပ် – အရှို ( CDF – Asho ) အနေဖြင့် ဖမ်းဆီးရမိသောစစ်သုံ့ပန်းများအား နိုင်ငံ တကာ စစ်ဘက်ဆိုင်ရာ ဥပဒေများနှင့်အညီ စနစ်တကျ ထိန်းသိမ်းထားကာ အပြစ်ပေးအရေးယူနိုင် ရေးအတွက် ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

“လက်ရှိအချိန်အထိတော့ စစ်သုံ့ပန်းတွေမှာလည်း စစ်သုံ့ပန်းတွေအတိုင်းပဲ ရှိသင့်တဲ့အခွင့်အရေးတွေ နဲ့အညီဖမ်းဆီးထိန်းသိမ်း ထားပါတယ်။ ဆက်လက်အရေးယူသွားဖို့ဆိုတဲ့အပိုင်းတွေမှာတော့ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ မေးခွန်း တွေကို ပြန်ပြီးတော့ မေးနေရပါသေးတယ်။ ထွက်ပြေးတလာတဲ့ကာလ ဖြစ်လို့ သူတို့ရဲစိတ်ပိုင်းဆိုင် ရာကိုက ပုံမှန်မဟုတ်တဲ့အနေအထားတွေလည်း ရှိနေတာမို့ အဖြေတွေ ကလည်း တိကျမှန်ကန် နိုင် မှာမဟုတ်ဘူး။ တခြားတခြားသောထွက်ဆိုချက်တွေကိုလည်း ယုံကြည် လို့မရသေးတဲ့ အခြေအနေ တွေ ဖြစ်နေပါသေးတယ်။” ဟု CDF – Asho တာ ဝန်ရှိသူ ဆလိုင်းရိုချင်း က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article