27 C
Yangon

ငါန်းဇွန်မြို့နယ်၊ မြို့သာမြို့မှ ထွက်လာသော စစ်ကား ၃ စီးကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံး

Must read

ငါန်းဇွန်မြို့နယ်၊ မြို့သာမြို့မှ ထွက်လာသော စစ်ကား ၃ စီးကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၉

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မြို့သာမြို့မှ ထွက်လာသော အကြမ်းဖက်စစ်ကောင်စီ၏ ကား ၃ စီး ကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း Zero ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ နိုဝင်ဘာလ ၈ ရက်နေ့ မွန်းလွဲ ၂ နာရီကျော်အချိန်က ငါန်းဇွန်မြို့နယ်၊ မြို့သာမြို့မှ ဆုံရွာဘက် သို့ ထွက်ခွာလာသော အကြမ်းဖက်စစ်ကောင်စီ၏ စစ်ကား ၃ စီးကို ရွာသာအေးရွာအနီးအရောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

“တော်လှန်ရေးတပ်ဖွဲ့တွေကို အလစ်လာပစ်တဲ့စစ်တပ်ကို ကျနော်တို့ဘက်က ပြန်ပြီး အလစ် ပြန်တိုက်ခဲ့တာဗျ။ ကျနော်တို့က ရွာသာအေးရွာအနီး ကားလမ်းမပေါ်မှာ လုံခြုံရေးဆောင်ရွက်နေတာကို သတင်းသွားပေးပြီး စစ်တပ်ပါခေါ်လာခဲ့တယ်ဆိုတဲ့ သတင်း ကျနော်တို့က အရင်ရလို့ အခုလို လက်ဦးမှု ရယူပြီး ပစ်ခတ်နိုင်ခဲ့တာပါ။ ပစ်တာကတော့ RPG ၇ လုံး ပစ်ခတ်ခဲ့တယ်။ သူတို့ ကားအနီးတွေ မှာပဲ ကျပြီး ပေါက်ကွဲတာ။ မျက်မြင်တွေ့ရတာက ၃ ဦး ပွဲချင်းပြီးသေဆုံးတယ်။ အများအပြားဒဏ်ရာရရှိသွား တယ်။ဒ ဏ်ရာရရှိသူတွေ တင်ပြီး မြို့သာဘက်ကို ပြန်မောင်းသွားတယ်” ဟု Zero ပြောက်ကြား တပ်ဖွဲ့ခေါင်းဆောင်ကိုသက်ကြီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင် တပ်ရင်း ၇ Zero ပြောက်ကြားတပ်ဖွဲ့၏ စစ်ကြောင်း ၂ ၊ စစ် ကြောင်း ၅ ၊ မြင်းခြံခရိုင်တပ်ရင်း ၆ နှင့် ဒေါင်းဘုရင်အဖွဲ့တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

ဓာတ်ပုံ- အညာဒေသမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article