26 C
Yangon

အမေရိကန်၊ နယူးယောက်မြို့ရှိ တရုတ်ကိုယ်စားလှယ်ရုံးရှေ့တွင် မြန်မာ့နွေဦးတော်လှန်ရေးအပေါ် နှောက်ယှက်ဟန့်တားနေသော တရုတ်အစိုးရကို ကန့် ကွက် ရှုတ်ချပွဲပြုလုပ်

Must read

အမေရိကန်၊ နယူးယောက်မြို့ရှိ တရုတ်ကိုယ်စားလှယ်ရုံးရှေ့တွင် မြန်မာ့နွေဦးတော်လှန်ရေးအပေါ် နှောက်ယှက်ဟန့်တားနေသော တရုတ်အစိုးရကို ကန့် ကွက် ရှုတ်ချပွဲပြုလုပ်

ရန်ကုန်၊ နိုဝင်ဘာ ၉

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ရှိ တရုတ်ကိုယ်စားလှယ်ရုံးရှေ့တွင် မြန်မာ့နွေဦးတော်လှန်ရေးကို နည်းလမ်းမျိုးစုံဖြင့် နှောက်ယှက်ဟန့်တားနေသော တရုတ်အစိုးရကို ကန့်ကွက်ရှုတ်ချပွဲပြုလုပ်ကြသည်။

ယနေ့အမေရိကန်ပြည်ထောင်စု နယူးယောက်စီးတီးရှိ ကုလသမဂ္ဂဆိုင်ရာ တရုတ်အမြဲတမ်းကိုယ်စားလှယ်ရုံး (China Mission) ရှေ့တွင် မြန်မာ့နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ပြည်သူများက တရုတ်အစိုးရအား ကန့်ကွက်ရှုံ့ချပွဲ ပြလုပ်ကြပြီး မြန်မာပြည်အတွင်းဥပဒေမဲ့စွာ အပြစ်မဲ့ပြည်သူများကို ရက်ရက် စက် စက်သတ်ဖြတ်မီးရှို့ဗုံးကြဲမှုများလုပ်ဆောင်နေသည့် မင်းအောင်လှိုင်နှင့်အကြမ်း ဖက်စစ်အုပ်စုကို ရပ်တည်ပေးခြင်း၊ မြန်မာ့ပြည်တွင်းရေးအား နည်းမျိုးစုံဖြင့်ဝင်ရောက်စွက်ဖက်နေသည့် တရုတ်ကွန်မြူနစ်အစိုးရကို ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြသည်။

အဆိုပါ ကန့်ကွက်ရှုံ့ချ ဆန္ဒပြပွဲတွင် “ကိုယ်အိမ်ကိုယ်ပြန်တဲ့လမ်း ဘယ်သူမှ တား ဆီးခွင့်မရှိ”၊ “တို့နိုင်ငံအနာဂတ် ပြည်သူတွေ ကိုယ်တိုင် ဆုံးဖြတ်မယ်”၊ “ပြည်သူ့တော်လှန်ရေး ဘယ်ပွဲစားမှ ကြေးဖြတ်ခွင့်မရှိ”၊ “အရာရာဟာ ပြည်သူ့သဘောထားအတိုင်း ဖြစ်ရမယ်” ဆိုသည့်ကြွေးကြော်သံများ ဟစ်ကြွေးကာ ဆန္ဒပြသခဲ့ကြကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article