Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၉ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
ဒီကနေ့ နိုဝင်ဘာ ၉ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
ကရင်ပြည်နယ်မှာရှိတဲ့ ရွှေက္ကိုလ် အပါအဝင် မြ၀တီက အွန်လိုင်းငွေလိမ် ဇုန်တွေမှာ ဆောက်လုပ် ရေးလုပ်ငန်းတွေ ဆက်လက် တိုးချဲ့နေပြီး တရုတ်နိုင်ငံသားတွေနဲ့ နိုင်ငံခြားသားတွေ အဆက် မပြတ် ဝင်ရောက်နေတယ်လို့ BGF တပ်နဲ့ နီးစပ်သူက ပြောထားပါတယ်။
အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို လူမှုကွန်ရက် Facebook မှ Live လွှင့် သရော်မှုဖြင့် ငါးမင်းဆွေကို စစ်ကောင်စီက နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ဖမ်းဆီး လိုက်ကြောင်း စစ်တပ်လော်ဘီချန်နယ်များက ဖော်ပြရေးသားထားပါတယ်။
အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာရှိတဲ့ တရုတ်ကိုယ်စားလှယ်ရုံးရှေ့မှာ မြန်မာ့နွေဦးတော်လှန်ရေးကို နည်းလမ်းမျိုးစုံနဲ့ နှောက်ယှက်ဟန့်တားနေတဲ့ တရုတ်အစိုးရကို ကန့်ကွက်ရှုတ်ချပွဲပြုလုပ်ခဲ့ကြတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။