30 C
Yangon

တောင်ငူ-သံတောင်ကြီး လမ်းပိုင်းတွင် စစ်တပ်၏ တပ်ရင်းမှူး သင်တန်းလာတက်သော စစ်သားများနှင့် ကင်းများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၄ ဦးသေဆုံး

Must read

တောင်ငူ-သံတောင်ကြီး လမ်းပိုင်းတွင် စစ်တပ်၏ တပ်ရင်းမှူး သင်တန်းလာတက်သော စစ်သားများနှင့် ကင်းများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၄ ဦးသေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၉

ပဲခူးတိုင်း၊ တောင်ငူ-သံတောင်ကြီး လမ်းပိုင်းတွင် အကြမ်းဖက် စစ်တပ်၏ တပ်ရင်းမှူး သင်တန်းလာတက်သော စစ်သားများနှင့် ကင်းများကို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၄ ဦးသေဆုံးခဲ့ကြောင်း KNLA တပ်မဟာ ၂ တပ်ရင်း ၅ Thawthikho အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောဆိုသည်။

နိုဝင်ဘာလ ၃ ရက်နေ့ မွန်းလွဲ ၂ နာရီ ၁၀ မိနစ်ခန့်တွင် သံတောင်ကြီး ၁၃ မိုင် မှ ပျားစခန်းကျေးရွာကို လမ်းကင်ယူရန် ဆင်းလာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို KNLA တပ်ရင်း ၅ ပူးပေါင်း တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၄ ဦး ထက်မနည်း သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြားကြောင်း သိရသည်။

ယင်းနေ့ မွန်းလွဲ ၃ နာရီ ၅၀ မိနစ်ခန့်တွင် တောင်ငူ မှ သံတောင်ကြီးရှိ အကြမ်းဖက် စစ်တပ်၏ ဘု‌ရင့်နောင်တပ်ကို တပ်ရင်းမှူး သင်တန်း တက်ရောက်ရန် စစ်ကား ၁၂ စီးဖြင့် တက်လာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ၆ မိုင်ရွာ အရောက်တွင် တပ်မဟာ ၂ ကော်မာဒို စစ်ကြောင်းက ထပ်မံ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။

နိုဝင်ဘာလ ၅ ရက်နေ့တွင် ဘုရင့်နောင်တပ် မှ တပ်ရင်းမှူး သင်တန်းဆင်းပြီး ပြန်လည် ထွက်လာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ၆ မိုင်ရွာ ဝန်းကျင်တွင် တပ်မဟာ ၂ ကော်မာဒိုစစ်ကြောင်းက ဒုတိယ အကြိမ် ထပ်မံ စောင့်ကြို ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု ရှိသော်လည်း အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း KNLA တပ်မဟာ ၂ တပ်ရင်း ၅ Thawthikho အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article