ရန်ကုန်၊ ဧပြီလ ၃၀
မြန်မာနိုင်ငံအတွင်းရှိ အလုပ်သမား၊ လယ်သမား၊ ဆင်းရဲသား အခြေခံလူတန်းစားတို့ စည်းလုံးညီ ညွတ်စွာ ရပ် တည်ပြီး စစ်အာ ဏာရှင်စနစ် အမြစ်ဖြတ်ရေးအတွက် တိုက်ပွဲဝင်ကြရန် မြန်မာနိုင်ငံအလုပ်သမားတပ်ပေါင်းစု – MLA က ၁၃၆ ကြိမ် မြောက် မေဒေး အဖြစ် ကြေညာချက်ထုတ်ပြန်တိုက်တွန်းလိုက်သည်။
မနက်ဖြန်ကျရောက်မည့် မေလ ၁ ရက် မေဒေးနေ့ (အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့) အောင်ပွဲဖြစ်သည့် တစ်နေ့အလုပ် ချိန် ၈ နာရီ အတွက် တိုက်ပွဲဝင်ခဲ့ကြသော တိုက်ပွဲဝင်အလုပ်သမားရဲဘော်အပေါင်းကို ဂုဏ်ပြုသော အားဖြင့် “အလုပ်သမားအပေါင်းတို့ နိုးထကြ။ ရပ်တည်တိုက်ပွဲဝင်ကြ။”ဟု နှိုးဆော်ပါကြောင်း၊ မြန် မာနိုင်ငံအပါအဝင်ကမ္ဘာ့နိုင်ငံအသီး သီးတွင် အလုပ်သမားများ၏ ဒီမိုကရေစီအခွင့်အရေးများ၊ နိုင်ငံ သားအခွင့်အရေးများနှင့် လူမှုရေးတရားမျှတမှု အခြေခံအုတ်မြစ်များသည် တိုက်ခိုက်ခံရလျက်ရှိ ကြောင်း အသိပေးထားသည်။
စစ်အာဏာရှင်နှင့် အာဏာရှင်များစွာတို့သည် ဩဇာကြီးမားသော မင်းပေါက်စိုးပေါက် ဆိုသူ များ၊ ဘီလီယံနာ များ၊ ၎င်းတို့နှင့်ဆက်စပ်သည့်စီးပွါးရေးလုပ်ငန်းကြီးနှင့်အတူ ၎င်းတို့၏ထိန်းချုပ်မှုကို တင်းကျပ်စွာ လုပ်ဆောင်နေကြကြောင်း၊ ၎င်းတို့သည် အလုပ်သမားလူတန်းစား၏ လိုအပ်ချက်များ ကို လျစ်လျူရှုထားပြီး တရားမျှတသော လုပ်ခလစာ၊ ဂုဏ်သိက္ခာနှင့် လူမှုရေးကာကွယ်မှုများကို ငြင်း ပယ်ကာ ၎င်းတို့၏ကိုယ်ပိုင်အကျိုးစီးပွားများကို ဖြည့်ဆည်းရန် စီးပွားရေးမူဝါဒများကို ပုံဖော်လုပ် ကိုင်ကြကြောင်း ထောက်ပြထားသည်။
ထို့အတွက်လူမှုအဖွဲ့အစည်းတရပ်လုံးတွင် ချမ်းသာသူနှင့် ဆင်းရဲသူကြား ကွာဟချက်သည် ဆက် လက် ကျယ် ပြန့်လာပြီး မညီမျှမှုနှင့် မတရားမှုများကို ပိုမိုနက်ရှိုင်းစေကြောင်း၊ အသင်းအဖွဲ့ ဖွဲ့စည်း ခွင့်ကို ဖိနှိပ်ခြင်းသည် ၎င်းတို့ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေကြခြင်းဖြစ်ပြီး အလုပ်သမားများ၏ လွတ်လပ်စွာစုဝေး၊ စည်းရုံးပိုင်ခွင့်ကို ငြင်းပယ်ခြင်းဖြင့် အာဏာရှိသူများသည် စည်းလုံး ညီညွတ်မှုကို တားဆီးရန်နှင့် စုပေါင်းအင်အားကို ချိနဲ့စေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း အသိပေးထားသည်။
ထိုသို့ ပြုလုပ်ခြင်းသည် နိုင်ငံ၏ချမ်းသာကြွယ်ဝမှုနှင့် အရင်းအမြစ်များကို ၎င်းတို့မှ ဆက်လက်ထိန်း ချုပ်ထားရန်ဖြစ်ပြီး ထိုချမ်းသာ ကြွယ်ဝမှုကို ဖန်တီးသူ ရင်းမြစ်ဖြစ်သည့်အလုပ်သမားများအားတရား မျှတစွာ မျှဝေရန် ရည်ရွယ်ချက် မရှိမှုပင် ဖြစ်သည်ဟု ဆိုသည်။
ဖိနှိပ်သူအာဏာရှင်များသည် လူ့အဖွဲ့အစည်း၏ အနာဂတ်အတွက် အလေးအနက်ဂရုစိုက်ခြင်း မပြု ကြဘဲ ၎င်းတို့၏ ဦးစားပေးမှာ အာဏာ၊ အမြတ်အစွန်းနှင့် အခွင့်ထူးများဖြစ်၍ ၎င်းတို့ကိုယ်တိုင်နှင့် ၎င်းတို့၏ သားစဉ် မြေးဆက်များအတွက်သာ ရည်ရွယ်ကြခြင်းဖြစ်ပြီး အလုပ်သမားများနှင့် မိသား စုများမှာမူ ဆင်းရဲတွင်းနက်သထက်နက်ရင်း ဂုဏ်သိက္ခာရှိစွာရှင်သန်နိုင်ရေးအတွက် အင်အားရှိသမျှ ရုန်းကန်နေကြရကြောင်း သိရသည်။
အလုပ်သမားတို့၏ အခွင့်အရေးနှင့် အကျိုးစီးပွားအတွက် ရပ်တည်ဆောင်ရွက်ရဲသည့် အလုပ်သမား များနှင့် အလုပ်သမားလှုပ်ရှားသူများသည် ခြိမ်းခြောက်မှု၊ အကြမ်းဖက်မှု၊ ထောင်ချခံရမှုနှင့် သေဆုံး မှုနှင့်ပင် ရင်ဆိုင်နေကြရကြောင်း၊ လွတ်လပ်သောအလုပ်သမားသမဂ္ဂများကို ချေမှုန်းပစ်ကြပြီး အ လုပ်သမား လှုပ်ရှားမှုကို ကွဲပြားစေပြီး အားနည်းစေရန် အတုအယောင် အဖွဲ့အစည်းများကို ဖန်တီး ကာ လှည့်စားထားကြောင်း MLA က အသိပေးထားသည်။
အဆိုပါအခြေအနေများ ဆက်လက်ဖြစ်ပွါးခြင်းမှ ရပ်တန့်နိုင်ရန်၊ ဖြိုခွဲနိုင်ရန် မေးဒေးအလုပ်သမားထု တိုက်ပွဲဝင်စိတ်ဓာတ်၊ သွေးစည်းညီညွတ်ရေးစိတ်ဓာတ်ဖြင့် ယခုအချိန်သည် အလုပ်သမား၊ လယ် သမား၊ ဆင်းရဲသား အခြေခံလူတန်းစားတို့ စည်းလုံးညီညွတ်စွာ ရပ်တည်ပြီး တိုက်ပွဲဝင်ရမည့် အချိန် ပင်ဖြစ်ကြောင်း နှိုးဆော်ထားသည်။
စည်းလုံးညီညွတ်မှုနှင့် သွေးစည်းညီညွတ်စွာတိုက်ပွဲဝင်မှုမှတစ်ဆင့်သာ တရားမျှတ သော လူ့အဖွဲ့အ စည်းတစ်ခုကို တည်ဆောက်နိုင်မည်ဖြစ်ပြီး အနာဂတ်မျိုးဆက်များအတွက် ဂုဏ်သိက္ခာ၊ တန်းတူညီ မျှမှုနှင့် အခွင့်အလမ်းများကို အာမခံနိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ်၏ သေနတ်ထောက်အုပ်ချုပ်မှုအောက်၌ အလုပ်သမားများနှင့် လယ်သမားများ ၊ဖိနှိပ်ခံပြည်သူလူထုတရပ်လုံးအနေဖြင့် စီးပွားရေးအခက်အခဲများ၊ မလုံခြုံမှုများနှင့် အခြေခံအခွင့်အရေးများကို ကျယ်ကျယ်ပြန့်ပြန့် ချိုးဖောက်ခံနေကြရပြီး မြန်မာနိုင်ငံ တစ်ဝှမ်းရှိ အ လုပ်သမားများသည် ဝင်ငွေကျဆင်းခြင်း၊ နေထိုင်စရိတ်များ မြင့်တက်လာခြင်းနှင့် အလုပ်အကိုင် အ ခွင့်အလမ်းများ လျော့နည်းလာခြင်းတို့ကို ရင်ဆိုင်နေကြရသည်။
ထို့အပြင် အများစုမှာ လုပ်ခလစာ နည်းပါးခြင်း၊ အလုပ်ချိန်အလွန်အကျွံလုပ်ရခြင်း၊ မလုံခြုံသော အ လုပ် ခွင်များနှင့် လူမှုကာကွယ်မှု ချို့တဲ့ခြင်းတို့ဖြင့် ပြင်းထန်စွာ ဖိနှိပ်မှုတို့ ခံနေကြရကြောင်း၊ လုပ်ခ လစာ အမြတ်ထုတ် ခံရခြင်း၊ အတင်းအကြပ် အချိန်ပိုစေခိုင်းခံရခြင်းနှင့် အလုပ်ခွင်နှောင့်ယှက်ခြင်း အပါအဝင် အလုပ်သမား အခွင့်အရေးချိုးဖောက်မှုများသည် ပိုမိုများပြားလာသဖြင့် အလုပ်သမားများ သည် ဂုဏ်သိက္ခာရှိရှိ ရှင်သန်ရပ်တည်နိုင်စွမ်းမရှိတော့သည့် အခြေအနေပင်ဖြစ်ကြောင်း MLA က ပြောဆိုသည်။
တစ်ချိန်တည်းမှာပင် အလုပ်သမားများ၏ အကျိုးစီးပွားများ စုစည်းကာကွယ်ပိုင်ခွင့်ဖြစ်သည့် လွတ် လပ်စွာအသင်းအပင်းဖွဲ့စည်းခွင့်ကို ခြိမ်းခြောက် ခြင်း၊ ဖမ်းဆီးခြင်း၊ စောင့်ကြည့်ခြင်းနှင့် အလုပ်သ မားသမဂ္ဂလှုပ်ရှားမှုများကို ဖိနှိပ် ခြင်းတို့လုပ်ဆောင်လျက်ရှိကြောင်း၊ လွတ်လပ်စွာအသင်းအပင်းဖွဲ့ စည်းခွင့် ချိုးဖောက်ခံရခြင်းကြောင့် အလုပ်သမားများသည် စိုးရိမ်ပူ ပန်မှုများ၊ အခွင့်အရေးချိုး ဖောက်ခံရမှုများကို ထုတ်ဖော်ပြောဆိုနိုင်ခြင်း သို့မဟုတ် စုပေါင်းညှိနှိုင်းမှုတွင် ပါဝင်နိုင်ခြင်းမရှိဘဲ အမြတ်ထုတ်ခံရနိုင်ခြင်းကို ပိုမိုနက်ရှိုင်းစွာ ကြုံတွေ့နေကြရသည်ဟု ဆိုသည်။
လယ်သမားများနှင့် စိုက်ပျိုးရေးလုပ်သားများသည် အဆိုးရွားဆုံးထိခိုက်သူများထဲတွင် ပါဝင်လျက်ရှိ ပြီး ရေကြီးရေလျှံမှုနှင့် မုန် တိုင်းများကဲ့သို့သော ရာသီဥတုဆိုင်ရာ ဘေးအန္တရာယ်များသည် သီးနှံ များနှင့် အသက်မွေးဝမ်း ကျောင်းမှုများကို ပျက်စီးစေခဲ့ကာ လယ်သမားငယ်များစွာကို အကြွေးတင် စေခဲ့ကြောင်း ထောက်ပြထားသည်။
အချို့လယ်သမားများသည် ၎င်းတို့၏မြေယာများကို ရောင်းချရန် သို့မဟုတ် စွန့်လွှတ်ရန် အတင်း အ ကျပ်ခိုင်းစေခံရပြီး ဆင်းရဲမွဲတေမှု၊ အစားအစာ မလုံလောက်မှုနှင့် ကျေးလက်ဒေသများတွင် မတည် ငြိမ်မှုများကို ဖြစ်ပေါ်စေခဲ့ကြောင်း၊တစ်ချိန်တည်းမှာပင်၊ အဓမ္မလုပ်အားပေးခိုင်းစေမှုများနှင့် ရွှေ့ ပြောင်းမှုများသည် စိုက်ပျိုးရေးထုတ်လုပ်မှုကို လျော့ကျစေပြီး ကျေးလက်စီးပွား ရေးကို ထိခိုက် စေခဲ့ ကြောင်း သိရသည်။
ထို့အပြင် စစ်အုပ်စု၏ ဖိနှိပ်မှုများကြောင့် စီးပွားရေးအကျပ်အတည်းဖြစ်ပေါ်ပြီး ကလေးများစွာသည် စက်မှုဇုန်များနှင့် စိုက်ပျိုးရေး ကဏ္ဍနှစ်ခုလုံးတွင် အလုပ်လုပ်ရန် အတင်း အကျပ်ခိုင်းစေခံနေရ ကြောင်း၊ အတု အယောင် မှတ်ပုံတင်များကို အသုံးပြုကာ အရွယ်ရောက်ပြီးသူ အလုပ်သမားများကဲ့ သို့ပင် ကလေးသူငယ်များ အလုပ်လုပ်နေကြပြီး ကာကွယ်ခံရမည့်အစား၊ ပြောဆိုရန်ကြိုးစားသည့် အခါ ခြိမ်းခြောက်မှုများကို ရင်ဆိုင်နေကြရကြောင်း သိရသည်။
၎င်းသည် နိုင်ငံတကာ အလုပ်သမားစံနှုန်းများကို ချိုးဖောက်ရုံ သာမက မျိုးဆက်တစ်ခုလုံး၏ ကျန်း မာရေး၊ ပညာရေးနှင့်အနာဂတ်ကိုလည်း အန္တရာယ်ဖြစ်စေကြောင်း ထောက်ပြထားသည်။
ယင်းအခြေအနေများကြား၌ပင် အကြမ်းဖက်စစ်တပ်၏ အတင်းအကျပ် စစ်မှုထမ်းခိုင်းခြင်းသည် အ လုပ်သမားများနှင့် လယ်သမားများအတွက် အခြေအနေကို ပိုမိုဆိုးရွားစေခဲ့ပြီး လူငယ်များ အပါအဝင် ပြည်သူအများသည် အတင်းအကျပ် အခြေအနေများအောက်တွင် စစ်တပ်သို့ ဝင်ရောက် ရန် အတင်း အကျပ် ခိုင်းစေခံနေရကြောင်းဖော်ပြသည်။
လူမှုအသိုင်းအဝိုင်းများစွာတွင် မိသားစုများသည် စစ်မှုထမ်းခြင်းကိုရှောင်ရှားရန် အခကြေးငွေများ ပေးဆောင်ရပြီး အချို့မှာ ဖမ်းဆီး ခံရခြင်း သို့မဟုတ် အတင်းအကျပ် စစ်သားစုဆောင်းခံရခြင်းနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။
ထိုသို့ဖိနှိပ်မှုများကြောင့် အလုပ်သမားရှားပါးမှုဖြစ်ပေါ်ပြီး စိုက်ပျိုးရေးထုတ်လုပ်မှုကို အားနည်းစေ သည့်အပြင် ကျေးလက်ဒေသများတွင် ကြောက်ရွံ့မှု၊ ရွှေ့ပြောင်းမှုနှင့် အသက်မွေးဝမ်း ကျောင်းမှု ဆုံး ရှုံး မှုများကို ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ် စေခဲ့ကြောင်း၊ စစ်မှုထမ်းခိုင်းခြင်း၏ ခြိမ်းခြောက်မှုသည် အလုပ်သမားများ၏ ရွေ့လျားမှုကိုလည်း ကန့်သတ်ထားပြီး ၎င်းတို့၏ အမြတ်ထုတ်ခံရနိုင်ခြေကို တိုး စေကြောင်း MLA က ပြောဆိုထားသည်။
အလုပ်အကိုင် မတည်မငြိမ်ဖြစ်မှုသည် အထူးသဖြင့် လူငယ်များနှင့်ရွှေ့ပြောင်းအလုပ်သမားများ ကြားတွင် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေပြီး ၎င်းတို့သည် လုပ်ခလစာနည်းပါးခြင်း၊ အချိန်မမှန် ခြင်းနှင့် တရားဝင်ကာကွယ်မှုများ မရှိခြင်းတို့ဖြင့် မတည်ငြိမ်သောအလုပ်များကို မကြာခဏရင် ဆိုင် ရလေ့ရှိကြောင်း၊ ဤအခြေအနေများသည် ကလေးအလုပ်သမားများ တိုးပွားလာခြင်း၊ မလုံခြုံ သော နှင့် အဓမ္မ ရွှေ့ပြောင်းခြင်း၊ လူကုန်ကူးမှုနှင့် ရေရှည်လူမှုရေး မညီမျှမှုများကို ဖြစ်ပေါ်စေကြောင်း ဆက်လက်ပြောဆိုထားသည်။
အလုံးစုံသော လူ့ဂုဏ်သိက္ခာနှင့် လူမှုရေးတရားမျှတမှုထက် အာဏာနှင့် အကျိုးအမြတ်ကို ဦးစားပေး သည့် စနစ်အောက်တွင် အလုပ်သမားများနှင့် လယ်သမားများ၏ အလုပ်ခွင်နှင့် နေထိုင်မှုအခြေအနေ များသည် ဆက်လက်ယိုယွင်းနေကြောင်း၊ အလုပ် သမား အခွင့်အရေးများကို ဖိနှိပ်ခြင်းသည် စီးပွား ရေးကျဆင်းမှုနှင့် ပဋိပက္ခများနှင့်အတူ ပေါင်းစပ်ပြီး အမြတ်ထုတ်မှုများ တိုးပွားလာကာ အသက်မွေး ဝမ်းကျောင်းမှုများတွင် မလုံခြုံသော ပတ်ဝန်းကျင်ကိုသာ ထပ်တလဲလဲ ကြုံတွေ့ရမည်ဖြစ် ကြောင်း အသိပေးထားသည်။
ထို့ကြောင့် အလုပ်သမားများနှင့် လယ်သမားများသည် ၎င်းတို့၏အခွင့်အရေးများကို လွတ်လပ်စွာ ကျင့်သုံးနိုင်ရန်၊ တရားမျှတပြီး ဘေးကင်းသော အခြေအနေများအောက်တွင် အလုပ် လုပ်နိုင်ရန်၊ တန်းတူညီမျှသော စီးပွားရေးအခွင့်အလမ်းများ ရရှိနိုင်ရန်အတွက် စုပေါင်း လုပ်ဆောင်ရမည်ဖြစ် ကြောင်း ထောက်ပြထားသည်။
သို့ဖြစ်၍ အလုပ်သမားများ၏ အခွင့်အရေးများ၊ လယ်သမားများ၏ အသက်မွေးဝမ်းကျောင်းမှုနှင့် အခြေခံ လွတ်လပ်ခွင့်များပိုမိုဆိုးရွားလာမှုကို တုံ့ပြန်သည့်အနေဖြင့် မေးဒေးနေ့တွင် အလုပ်သမား၊ လယ် သမား ဖိနှိပ်ခံပြည်သူလူထုအပေါင်းအား ရပ်တည် တိုက်ပွဲ ဝင်ကြရန်နှင့် နိုင်ငံအဆင့်၊ တော် လှန်ရေး အင်အားစုများ အကြားနှင့် နိုင်ငံတကာအနေဖြင့်လည်း ဝိုင်းဝန်းကူညီပေးကြပါရန် နှိုးဆော် ထားသည်။
ဓာတ်ပုံ- ၂၀၂၁ ခုနှစ် စစ်အာဏာရှင် ဆန့်ကျင်ရေးဆန္ဒပြပွဲ။ Photo- AP ။




