33 C
Yangon

တောင်ကိုရီးယားတွင် NUG ကိုယ်စားလှယ်ရုံးက နိုင်ငံကူးလက်မှတ်များ သက်တမ်းတိုးပေးနေချိန် စစ်ကောင်စီသံရုံးက ပတ်စ်ပို့ ဖျက်သိမ်းခြင်းနှင့် အမည်မည်းစာရင်းသွင်းမည်ဟု ခြိမ်းခြောက်

Must read

တောင်ကိုရီးယားတွင် NUG ကိုယ်စားလှယ်ရုံးက နိုင်ငံကူးလက်မှတ်များ သက်တမ်းတိုးပေးနေချိန် စစ်ကောင်စီသံရုံးက ပတ်စ်ပို့ ဖျက်သိမ်းခြင်းနှင့် အမည်မည်းစာရင်းသွင်းမည်ဟု ခြိမ်းခြောက်

🟥စစ်ကောင်စီသံရုံး၏ ခြိမ်းခြောက်မှု အလုပ်မဖြစ်ဘဲ NUG ထံတွင် သက် တမ်းတိုးသူများ အလွန်များပြား

ရန်ကုန်၊ နိုဝင်ဘာ ၉

တောင်ကိုရီးယားတွင် သက်တမ်းကုန်ဆုံးနေသော မြန်မာ နိုင်ငံကူးလက်မှတ်များကို အမျိုးသားညီ ညွတ် ရေးအစိုးရ-NUG ကိုယ်စားလှယ်ရုံးက သက်တမ်းတိုးပေးနေချိန် စစ်ကောင်စီ၏မြန်မာသံရုံးက နိုင်ငံကူးလက်မှတ် ဖျက်သိမ်းခြင်းနှင့် အမည်မည်းစာရင်းသွင်းခံမည်ဟု ယနေ့ ထပ်မံ ခြိမ်း ခြောက် ကြေညာသည်။

တောင်ကိုရီးယားနိုင်ငံမှ မြန်မာနိုင်ငံသားများအနေဖြင့် နိုင်ငံကူးလက်မှတ်ကိုင်ဆောင် အသုံးပြုခြင်းဆိုင်ရာ စည်းကမ်းများကို ဖောက်ဖျက်ခြင်းကြောင့် မိခင်နိုင်ငံနှင့် အိမ်ရှင်နိုင်ငံ၏ ဥပဒေအရ အရေး ယူခံရနိုင်ကြောင်း၊ စစ်ကောင်စီသံရုံးအနေဖြင့်လည်း စိစစ်တွေ့ရှိရပါက နိုင်ငံကူးလက်မှတ် ဖျက် သိမ်းခြင်းနှင့် အမည်မည်းစာရင်းသွင်းမည်ဟု ယနေ့ ထပ်မံခြိမ်းခြောက်ကြောင်း၊ အောက် တိုဘာလ ၁၅ ရက်နေ့က ပထမဆုံးအကြိမ်အဖြစ် အလားတူ ခြိမ်းခြောက်ခဲ့သော်လည်း အလုပ်မဖြစ်ဘဲ NUG ကိုယ်စားလှယ်ရုံးထံတွင် တောင်ကိုရီးယားရောက် မြန်မာများ၏ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးမှုများ ဆက် လက်များပြားနေဆဲဖြစ်ကြောင်း သိရှိရသည်။

စစ်ကောင်စီသံရုံး၏ ခြိမ်းခြောက်မှုများရှိနေလင့်ကစား NUG ကိုယ်စားလှယ်ရုံး၏ ထောက်ခံချက်ဖြင့် မြန်မာနိုင်ငံသား အရေအတွက်ထောင်ဂဏန်းကျော်၏ နိုင်ငံကူးလက်မှတ်များကို သက်တမ်းတိုးရရှိသွားပြီဖြစ်ကြောင်း သွား ရောက် သက်တမ်းတိုးခဲ့သူများက ပြောဆိုသည်။

“ကျနော်တို့ တောင်ကိုရီးယား လ၀ကမှာ သွားသက်တမ်းတိုးတာရပါတယ်။ တောင်ကိုရီးယားက တရားဝင်ခွင့်ပြုတယ်။ ဒီမှာတော့ စခတွေက အရာမဝင်တော့ဘူး။ ဒီမှာက မြန်မာအရေးလုပ်တဲ့ တောင်ကိုရီးယားနိုင်ငံသားတွေတောင် အားနေရင် စစ်ကောင်စီ မြန်မာသံရုံးရှေ့ ဆန္ဒသွားပြနေတာ။ စခ သံအမတ်ဆိုရင် တောင်ကိုရီးယားအစိုးရက ဘာ အခမ်းအနားမှတောင် မဖိတ်တော့ဘူး။ သိရသလောက်တော့ NUG ရုံးမှာ သက်တမ်းတိုးသူလည်း အခုအချိန်အထိ များနေတုန်းတယ်” ဟု တောင်ကိုရီးယားရောက် မြန်မာတစ်ဦးက ရှင်းပြသည်။

တောင်ကိုရီးယားရောက် မြန်မာအရေးလှုပ်ရှားသူတချို့၏ အဆိုအရ NUG ကိုယ်စားလှယ်ရုံး၏ ဆောင်ရွက်မှုဖြင့် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခွင့်ရရှိသူ အရေအတွက်မှာ လူဦးရေထောင်ကျော်ရှိနေကာ ဆက်လက်မြင့်တက်လာဦးမည်ဟု ဆိုကြသည်။

အမျိုးသားညီညွတ်ရေးအစိုးရ- NUG တောင်ကိုရီးယားကိုယ်စားလှယ်ရုံးက နိုင်ငံကူးလက်မှတ် သက်တမ်းကုန်ဆုံးနေသော မြန်မာနိုင်ငံသားများကို မည်သည့်အခွန်နှင့်ငွေကြေးမှ ပေးဆောင်ရန်မလိုဘဲ သက်တမ်းအသစ် ၂ နှစ်တိုးပေးနေကြောင်း၊ တောင်ကိုရီးယားအစိုးရကလည်း NUG ကိုယ် စားလှယ်ရုံး ကို အသိအမှတ်ပြုကာ သက်တမ်းတိုးပေးမှုကိုလည်း တရားဝင် လက်ခံထားကြောင်း တောင်ကိုရီးယားရောက် မြန်မာများက ပြောဆိုကြသည်။

ဓာတ်ပုံ- တောင်ကိုရီးယားရှိ အမျိုးသားညီညွတ်ရေးအစိုးရ-NUG ကိုယ် စားလှယ်ရုံးခန်းဖွင့်ပွဲ။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article