ရွှေကျင်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်
ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းများကို ဒရုန်းဖြင့် ဗုံးကျဲတိုက် ခိုက်ခဲ့ကြောင်း KNLA Nighthawks တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ ပြောကြားသည်။
အောက်တိုဘာလ ၃၀ ရက် နံနက် ၁၁ နာရီ ၂၀ မိနစ်ချိန်နှင့် နိုဝင်ဘာလ ၁ ရက် ညနေ ၆ နာရီ ၁၆ မိနစ်အချိန်တို့တွင် ရွှေကျင်မြို့နယ်၊ သံဆိပ်ကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကိုလည်း ကောင်း၊ အောက်တိုဘာလ ၃၁ ရက်နံနက် ၁၁ နာရီ ၈ မိနစ်အချိန်တွင် ရွှေကျင်မြို့နယ်၊ ကျောက် တန်းကျေးရွာ ဘုန်းကြီးကျောင်းအနီးရှိ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို လည်းကောင်း ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အလားတူ နိုဝင်ဘာလ ၁ ရက် နံနက်အစောပိုင်း ၁ နာရီ ၊ နိုဝင်ဘာလ ၂ ရက် နံနက် အစောပိုင်း ၁ နာရီ ၃၀ မိနစ် နှင့် နိုဝင်ဘာလ ၄ ရက် မွန်းလွဲ ၁ နာရီ အချိန်တို့တွင် ရွှေကျင်မြို့နယ်၊ ကွမ်းဆိပ်ရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကိုလည်းကောင်း ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဗုံးကျဲတိုက်ခိုက်မှုများကို KNLA ပူးပေါင်းတပ်ဖွဲ့နှင့်အတူ KNLA Nighthawks အဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်များ ထိခိုက်သေဆုံးမှုအခြေအနေ သိရှိရန် စုံစမ်းနေဆဲဖြစ်ကြောင်း၊ ယင်းတိုက်ခိုက်မှုများအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များ အထိ အခိုက်မရှိခဲ့ကြောင်း သိရသည်။