24 C
Yangon

မြောင်မြို့နယ်၊ ကျောက်ရစ်ရဲစခန်းကို စစ်ကူလာသည့် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိ

Must read

မြောင်မြို့နယ်၊ ကျောက်ရစ်ရဲစခန်းကို စစ်ကူလာသည့် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိ

ရန်ကုန်၊ နိုဝင်ဘာ ၁၀

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကျောက်ရစ်ရဲစခန်းကို စစ်ကူလာသည့် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိကြောင်း Anyar Federal Task Force (A F T F) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာကို ပြောဆိုသည်။

နိုဝင်ဘာလ ၆ ရက်နေ့တွင် ရေစကြိုမြို့မှ မြောင်မြို့နယ် ကျောက်ရစ်ရဲစခန်းကို စစ်ကူလာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိသော်လည်း အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။

“ဒီတိုက်ခိုက်မှုမှာ စစ်ခွေးတွေဘက်ကို ထိခိုက်မှုတော့ရှိတယ်။ သေဆုံးနဲ့ ဒဏ်ရာရ အရေအတွက်တော့ မသိရသေးဘူး။ ကျန်တော်တို့ ဆက်လက် စုံစမ်းနေပါတယ်” ဟု Anyar Federal Task Force (A F T F) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်မှုကို Anyar Federal Task Force (AFTF) တပ်ဖွဲ့နှင့် မဟာမိတ်တပ်များက ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article