25 C
Yangon

ကချင်အထူးဒေသ ၁ တွင် နောက်ဆုံး လက်ကျန်မြို့ဖြစ်သော တရုတ်-မြန်မာနယ်စပ်မြို့ ကန်ပိုက်တီမြို့ကို KIA က မသိမ်းရန် တရုတ်နိုင်ငံက ဖိအားပေးနေ၊ လန်ဆယ်ကျေးရွာရှိ ပြည်သူ့စစ်စခန်းကို KIA နှင့်တော်လှန်ရေးတပ်များက သိမ်းပိုက်

Must read

ကချင်အထူးဒေသ ၁ တွင် နောက်ဆုံး လက်ကျန်မြို့ဖြစ်သော တရုတ်-မြန်မာနယ်စပ်မြို့ ကန်ပိုက်တီမြို့ကို KIA က မသိမ်းရန် တရုတ်နိုင်ငံက ဖိအားပေးနေ၊ လန်ဆယ်ကျေးရွာရှိ ပြည်သူ့စစ်စခန်းကို KIA နှင့်တော်လှန်ရေးတပ်များက သိမ်းပိုက်

ရန်ကုန်၊ နိုဝင်ဘာ ၁၁

အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ဇခုန်တိမ့်ယိန်း ဦးဆောင်သော ကချင်အထူးဒေသ ၁ တွင် KIA က သိမ်းယူရန် ကျန်ရှိနေသော နောက်ဆုံး လက်ကျန်မြို့ဖြစ်သည့် တရုတ်-မြန်မာနယ်စပ်မြို့ ကန်ပိုက်တီမြို့ကို သိမ်းယူခြင်းမပြုရန် တရုတ်နိုင်ငံက ဖိအားပေးလျက်ရှိနေကြောင်း KIA ရှေ့တန်း သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၁၀ ရက်နေ့ နံနက် ၅ နာရီ ၄၀ မိနစ်အချိန် ကချင်အထူးဒေသ ၁ ရှိ လန်ဆယ်ကျေးရွာကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက သိမ်းပိုက်လိုက်ကြောင်း၊ အဆိုပါ လန်ဆယ်ကျေးရွာရှိ ပြည်သူ့စစ်များအားလုံး ထွက်ပြေးသွားကြကြောင်း၊ လက်ရှိတွင် ကချင်အထူးဒေသ ၁ ရှိ တပ်စခန်းများနှင့်မြို့များအားလုံးနီးပါး သိမ်းယူခဲ့ပြီး ကန်ပိုက်တီးစခန်းတစ်ခုသာ ကျန်ရှိတော့ကြောင်း၊ သို့ရာတွင် အဆိုပါမြို့ကို သိမ်းယူရန်မှာလည်း တရုတ်နိုင်ငံက မသိမ်းရန် ဖိအားပေးနေကြောင်း သိရှိရသည်။

” ချီဖွေမြို့နယ်၊ ချီဖွေမြို့၊ လောခေါင် ရဲ့အရှေ့မြောက်ဘက် ပြည်သူ့စစ် တပ်တွေရဲ့ ထိန်းချုပ်နယ်မြေဖြစ်တဲ့ လန်ဆယ်ကျေးရွာကို မနေ့မနက် ၅ နာရီကျော်မှာ သိမ်းယူပါတယ်။ အခု ကချင်အထူးဒေသ ၁ မှာ ကန်ပိုက်တီမြို့ပဲ ကျန်ပါတယ်။ တရုတ်ဖိအားကြေညင့် ကန်ပိုက်တီမြို့ကို သိမ်းလို့မရဖြစ်နေတယ်။ တရုတ်ဖိအား ကြောင့်ပါ။ စစ်ကောင်စီ ကျရှုံးသွားမှာကိုတရုတ်မလိုလားဘူးဆိုတာရှင်းနေတယ်” ဟု KIA ရှေ့တန်း သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စစ်ကောင်စီ လက်အောက်ခံ ဇခုန်တန့်ယိန်း- NDAK က ထိန်းချုပ်ထားသော ချီဖွေမြို့ကို စက်တင်ဘာလ ၂၉ ရက်နေ့တွင်လည်းကောင်း၊ ဆော့လော်မြို့ကို စက်တင်ဘာလ ၃၀ ရက်နေ့တွင်လည်း ကောင်း KIA နှင့် PDF ပူးပေါင်းတပ်များက သိမ်းပိုက်ခဲ့ကြောင်း ၊ အောက်တိုဘာလ ၁၄ ရက်နေ့ အမှတ် ၁၀၀၂ နယ်ခြားစောင့်တပ်ဌာနချုပ်စခန်းကိုလည်း ကောင်း၊ အောက်တိုဘာလ ၁၈ ရက်နေ့တွင် ပန်ဝါမြို့ကိုလည်းကောင်း၊ အောက်တိုဘာလ ၂၁ ရက်နေ့ ညနေ ၅ နာရီအချိန် ကန်ပိုင်တီးမြို့နှင့် ၇-မိုင်အကွာ ရှိန်ကြိုင် ရွာရှိ အမှတ်-၁၀၀၃ BGF ဌာနချုပ်စခန်းကုန်းကိုလည်းကောင်း သိမ်းပိုက်ရရှိခဲ့ကြောင်း၊ တရုတ်-မြန်မာနယ်စပ်မြို့ ဖီမော်မြို့ကိုလည်း နိုဝင်ဘာလ ၁ ရက်နေ့တွင် လည်းကောင်း သိမ်းပိုက်ခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- တရုတ်-မြန်မာနယ်စပ်မြို့ လန်ဆယ်ကျေးရွာနှင့် ကန်ပိုက်တီမြို့ (ပုံအဟောင်းဖြစ်ပါသည်။)

Photo- CJ ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article