28 C
Yangon

ကန့်ဘလူမြို့နယ်တွင် စစ်တပ်က ကျေးရွာ ၃ ရွာကို ဝင်ရောက် စီးနင်းပြီး ပြည်သူ ၁ ဦးကို မီးရှို့သတ်ဖြတ်၍ နေအိမ် ၁၃၃ လုံးကို မီးရှို့ဖျက်ဆီး

Must read

ကန့်ဘလူမြို့နယ်တွင် စစ်တပ်က ကျေးရွာ ၃ ရွာကို ဝင်ရောက် စီးနင်းပြီး ပြည်သူ ၁ ဦးကို မီးရှို့သတ်ဖြတ်၍ နေအိမ် ၁၃၃ လုံးကို မီးရှို့ဖျက်ဆီး

ရန်ကုန်၊ နိုဝင်ဘာ ၁၁

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ကျေးရွာ ၃ ရွာကို ဝင်ရောက် စီးနင်းပြီး ပြည်သူ ၁ ဦးကို မီးရှို့သတ်ဖြတ်၍ နေအိမ် ၁၃၃ လုံးကို မီးရှို့ဖျက်ဆီး ခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောဆိုသည်။

နိုဝင်ဘာလ ၉ ရက်နေ့တွင် ကန့်ဘလူမြို့နယ်အတွင်းရှိ ကျောင်းကုန်းရွာ၊ ဖိုလ်ကုန်းရွာနှင့် သပြေသာရွာတို့ကို သကြားစက်မှ ထွက်လာသည့် စစ်ကောင်စီ တပ်သား ၁၂၀ ခန့်က ဝင်ရောက် စီးနင်းပြီး ပြည်သူ ၁ ဦးကို မီးရှို့သတ်ဖြတ်၍ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် သပြေသာ ကျေးရွာကို ဝင်ရောက် စီးနင်းစဉ် ပြည်သူ ၁ ဦးကို မီးရှို့သတ်ဖြတ်ခဲ့ပြီး မည်သူမည်ဝါ ဖြစ်သည်ကို အတည်မပြုနိုင်သေးဘဲ ပြည်သူ ၁ ဦးလည်း ဖမ်းဆီးခံရကြောင်း သိရှိရသည်။

အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ မီးရှို့ဖျက်ဆီးမှုကြောင့် ကျောင်းကုန်းရွာမှ ပြည်သူပိုင်နေအိမ် ၄၃ လုံး၊ ဖိုလ်ကုန်းရွာမှ နေအိမ် ၂၃ လုံးနှင့် သပြေသာရွာမှ နေအိမ် ၆၇ လုံး စုစုပေါင်း ပြည်သူပိုင်နေအိမ် ၁၃၃ လုံး မီးလောင်ပျက်ဆီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

ကန့်ဘလူမြို့နယ်ရှိ ဇီးကုန်းတိုက်နယ်သည် အကြမ်းဖက် စစ်တပ်၏ စစ်စခန်းများနှင့် အလွန်နီးကပ်ခြင်းကြောင့် စစ်ကြောင်းလာသည်နှင့် ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင် ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ယနေ့ နိုဝင်ဘာလ ၁၁ ရက် နံနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင် ဇီးကုန်း သကြားစက်မှကား ၄ စီးဖြင့် ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ဇီးကုန်းမူးဘောင်ဘက်ကို ရောက်ရှိနေပြီး အနီးအနားရှိ ကျေးရွာများမှ ပြည်သူများ ထပ်မံတိမ်းရှောင်နေရကြောင်းရကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article