ရန်ကုန်၊ နိုဝင်ဘာ ၁၂
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA တပ်မဟာ ၅ နယ်မြေရှိ ကူးဆိပ်တံတားလုံခြုံရေးအကြမ်းဖက်စစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်သား ၈ ဦး သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်သည်။
နိုဝင်ဘာလ ၆ ရက်နေ့မှ စတင်ပြီး ဖာပွန်ခရိုင်အတွင်းရှိ ကူးဆိပ်တံတား လုံခြုံရေး စစ်တပ် စခန်းကို တော်လှန်ရေးတပ်ဖွဲ့များက ပူးပေါင်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ နိုဝင်ဘာလ ၉ ရက်နေ့တွင် အလုံးစုံ သိမ်းပိုက်ရှင်းလင်းနိုင်ခဲ့ကြောင်း၊ ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား ၈ ဦးသေဆုံးပြီး ရုပ်အလောင်းများ ကျန်ရှိခဲ့ကြောင်း သိရသည်။
ထို့အပြင် အကြမ်းဖက်စစ်တပ် စခန်းအတွင်းမှ လက်နက်ကြီး RPG 7 ၂ လက်၊ မောင်းပြန်ရိုင်ဖယ် ၃ လက်၊ ကျည်ဖူး ၂၇ လုံး၊ ၆၀ မမ ကျည်ဖူး ၂၂ လုံး၊ ဒရုန်းဖျက်ဂျယ်မာ ၃ ခုနှင့် မောင်းပြန်ရိုင်ဖယ် ကျည်တောင့် ၂၀၀၀ ကျော် သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို KNLA အမှတ် ၅ တပ်မဟာစစ်သည်တော်များနှင့် မဟာမိတ်ပူးပေါင်း စစ် သည်များမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် ၂ ဦး မစိုးရိမ်ရ အနည်းငယ် ထိခိုက်ဒဏ် ရာရရှိခဲ့ကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar