28 C
Yangon

Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၁၃ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ နိုဝင်ဘာ ၁၃ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • အကြမ်းဖက် မင်းအောင်လှိုင် တရုတ်ကနေ ပြန်လာပြီးတဲ့နောက် ကရင်နီ၊ ရခိုင် နဲ့ ရှမ်းမြောက် ဒေသတွေမှာ စစ်ကူ အင်အား အလုံးအရင်းနဲ့ ဖြည့်ဆည်းလာပြန်ပြီး ၊ အခု နိုဝင်ဘာလ တာဝန်ချ ဇယားအရမှာပဲ စစ်လေယာဉ်အတက်အဆင်းစာရင်းတွေ များပြားနေတဲ့အတွက် လေကြောင်း တိုက်ခိုက်မှုတွေ တိုးမြှင့်လာနိုင်တယ်လို့ နေပြည်တော် စစ်တပ်သတင်းရင်းမြစ်က ပြောပါတယ်။
  • ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ရေကာတာကျေးရွာက ကျန်းမာရေးမကောင်းလို့ အိပ်ရာထဲလဲနေသူ လူငယ် ၁ ဦးကို စစ်မှုထမ်း အပတ်စဉ် ၇ မှာ နာမည်စာရင်းပါတယ်လို့ပြောပြီး အကြမ်းဖက် စစ်ကောင်စီတပ်က အိမ်ပေါ်ထိတက်ပြီးတော့ကို ဖမ်းဆီးသွားတယ်လို့ ဖမ်းဆီးခံရတဲ့လူငယ်နဲ့နီးစပ်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီတပ် စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်း တပ်တွေက ဖျက်အားပြင်းမိုင်းတွေပါ အသုံးပြုပြီး ကြားဖြတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၅ ဦးသေသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article