25 C
Yangon

နွေဦးဘဏ်မှ အစုရှယ်ယာများကို ပြည်သူများအတွက် ဒုတိယအကြိမ်ရောင်းချပေးမည်

Must read

နွေဦးဘဏ်မှ အစုရှယ်ယာများကို ပြည်သူများအတွက် ဒုတိယအကြိမ်ရောင်းချပေးမည်

ရန်ကုန်၊နိုဝင်ဘာ ၁၄

နွေဦးဘဏ် (SDB) ၏ “အိမ်ပြန်လှိုင်းသစ် ICO Round 2” တွင် အစုရှယ်ယာများကို အနည်းဆုံး ၁၀ ဒေါ်လာမှ စတင်၍ အများဆုံး မိမိစိတ်ကြိုက်ပမာဏဝယ်ယူနိုင်မည့် အစီအစဉ်ကို နိုဝင်ဘာ ၁၅ရက်နေ့မှ ဒီဇင်ဘာ ၅ ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း နွေဦးဘဏ် (SDB) တာဝန်ရှိသူတစ်ဦးကပြောသည်။

ယင်း အစုရှယ်ယာကို အမေရိကန်ဒေါ်လာဖြင့်သာမက နေ့စဉ်ပြင်ပ ငွေကြေးလဲလှယ်နှုန်းနှင့်တပြေးညီ မြန်မာကျပ်ငွေ၊ ထိုင်းဘတ်၊ စင်္ကာပူဒေါ်လာ၊ ဩစတြေးလျဒေါ်လာ၊ ယူရို၊ ဂျပန်ယန်း၊ ကိုရီးယားဝမ်၊ စတာလင်ပေါင်၊ မလေးရှားရင်းနစ် အစရှိသည့် နိုင်ငံတကာငွေကြေး၁၀မျိုးဖြင့်လည်း ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

ယခင် Round 1 တွင် RM များမှတဆင့်သာဝယ်ယူနိုင်ခဲ့သော်လည်း ယခု Round 2 တွင် RM များမှတဆင့်သာမက မိမိ၏ SDB acc တွင်ငွေဖြည့်ထားရုံဖြင့် မိမိကိုယ်တိုင်စိတ်ကြိုက်ဝယ်ယူနိုင်မည်ဖြစ်ကြောင်း နွေဦးဘဏ် (SDB) တာဝန်ရှိသူတစ်ဦးကပြောသည်။

နွေဦးဘဏ်၏ ပထမအကြိမ် ရှယ်ယာရောင်းချစဉ်က ရောင်းချသည့်နေ့မှစတင်၍ ၁၀ ရက်အတွင်း အစုရှယ်ယာ အမေရိကန်ဒေါ်လာ ၁၁.၈၄ သန်းဖိုး ရောင်းချရပြီး ဘဏ် အမြတ်ငွေ Dividends လည်း နှစ်ခါခွဲပေးပြီးဖြစ်ကြောင်း ဘဏ်တာဝန်ရှိသူကပြောသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article