29 C
Yangon

မုံရွာမြို့၊ ရန်ကင်းမီးပွိုင့်တွင် လုံခြုံရေးယူနေသော ရဲ ၂ ဦးနှင့် စစ်ကူထွက်လာသော စစ်သားများကို တိုက်ခိုက်မှု ၆ ဦးသေဆုံးပြီး သေနတ် ၁ လက်သိမ်းဆည်းရရှိ

Must read

မုံရွာမြို့၊ ရန်ကင်းမီးပွိုင့်တွင် လုံခြုံရေးယူနေသော ရဲ ၂ ဦးနှင့် စစ်ကူထွက်လာသော စစ်သားများကို တိုက်ခိုက်မှု ၆ ဦးသေဆုံးပြီး သေနတ် ၁ လက်သိမ်းဆည်းရရှိ

ရန်ကုန်၊ နိုဝင်ဘာ ၁၄

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ ကျောက်က္ကာလမ်း၊ ရန်ကင်းမီးပွိုင့်တွင် လုံခြုံရေး ယူနေသော ရဲ ၂ ဦးနှင့် စစ်ကူ ထွက်လာသော စစ်သားများကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား၊ ရဲ ၆ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း Kaung Kin Local PDF (ဒီပဲယင်းမြို့နယ်) အဖွဲ့မှ တာဝန်ရှိသူတစ်ဦး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ နိုဝင်ဘာလ ၁၄ ရက် နံနက် ၇ နာရီခန့်က မုံရွာမြို့၊ ကျောက္ကာလမ်းမပေါ်ရှိ ရန်ကင်းမီးပွိုင့်တွင် လုံခြုံရေးယူနေသော ဒုအရာခံ ဗိုလ် ၁ ဦးနှ့င် ရဲတပ်သား ၁ ဦးကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နှစ်ဦး စလုံးသေဆုံးသွားပြီး BA 63 (ခေါ်) G3 အမျိုးအစားသေနတ်တစ်လက်သိမ်းဆည်းရရှိခဲ့ ကြောင်း သိရသည်။

“သူတို့က လူကြီးလမ်းကြောင်းခရီးစဉ်ရှိပုံရတယ်။ ရန်ကင်းဘုန်းကြီးကျောင်းထဲမှာကတော့ စောစော ကတည်းက ရှိနေတာ၊ မီးပွိုင့်မှာ လုံခြုံရေးယူနေတဲ့ ခွေး ၂ ကောင်ကို ပစ်ပြီးတော့ ကျနော်တို့ G3 သေနတ်တစ်လက်ယူပြီးပြန်ထွက်ခဲ့တဲ့ အချိန်မှာ ရန်ကင်းမီးပွိုင့်မှာရှိတဲ့ စခနဲ့ လည်းထိတွေ့တိုက်ပွဲ ဖြစ်တယ်။ ရန်ကင်းမီးပွိုင့်မှာရှိတဲ့ စခကင်းထဲကိုလည်း ၄၀ မမ တစ်လုံးပစ်ထည့်လိုက်တယ်။ အဲဒီထဲ မှာရှိတဲ့ စခတွေလည်းထိသွားတယ်လို့ သိရတယ်။ ရန်ကင်းဘုန်းကြီးကျောင်းထဲကနေ ထွက်လာတဲ့ စခတွနဲ့လည်း ထိတွေ့တိုက်ပွဲထပ်ဖြစ်တယ်။ စုစုပေါင်း ၆ ဦးသေတယ်၊ သေနတ်တစ်လက်ရခဲ့တယ်။ ၄၀ မမ ပစ်တာက ထိသွားတယ်လို့ ယူဆရတယ်၊ နီးတဲ့ စခတွေဆီကလက်နက်ပဲဝင်ကောက်ခဲ့ရတာ၊ ဘေးမလှမ်းမကမ်းမှာရှိတဲ့ စခရဲ့ လက်နက်က မယူခဲ့ရဘူး။ အဲဒီအချိန်မှာက ရန်ကင်းဘုန်းကြီး‌ ကျောင်းထဲမှာရှိတဲ့ စခတွေနဲ့ထိတွေ့တိုက်ပွဲကဖြစ်နေတော့” ဟု Kaung Kin Local PDF (ဒီပဲယင်း မြို့နယ်) အဖွဲ့မှ တာဝန်ရှိသူတစ်ဦး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ထို့သို့ တိုက်ခိုက်မှုအတွင်း ရန်ကင်းဘုန်းကြီးကျောင်း၌ တပ်စွဲထားသော အကြမ်းဖက်စစ်သားများက စစ်ကူထွက်လာခဲ့ရာ ထပ်မံ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး စစ်သား ၄ ဦး ထပ်မံသေဆုံးသွားကြောင်း သိရ သည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့(မုံရွာမြို့နယ်-ပလဖ) နှင့် Kaung Kin Local PDF (ဒီပဲယင်းမြို့နယ်) အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

“တော်လှန်ရေးက အချိန်ကာလကြာလာတော့ ပြည်သူလူထု ပျင်းရိငြီးငွေ့လာတယ်၊ တက်ကြွမှုတွေ အားနည်းလာတယ်။ အခုလိုမစ်ရှင်တွေဝင်လုပ်တဲ့အခါမှာ အသက်အန္တရာယ်တွေအကြီးရှိတယ်။ ဝင် ပစ်ပေမယ့် အောင်မြင်မှုမရခဲ့ဘူး။ အောင်မြင်မှုမရခဲ့ပေမယ့် လှုပ်ရှားရတဲ့အနေအထားမှာ အခက်အခဲ များစွာရှိတယ်။ ကုန်ကျစရိတ်များစွာလည်းရှိတယ်၊ အခုလိုမျိုးလေး ဂန်းလေးဘာလေးရခဲ့တယ်ဆို ရင်တော့ အားဖြစ်တာပေါ့။ ဂန်းမရခဲ့ဘူးဆိုရင် အားငယ်ရတယ်၊ ဘာကြောင့်လည်းဆိုရင် ကုန်ကျ သွားတဲ့ ငွေကြေး၊လက်နက်ခဲယမ်းဖိုးတွေကို ဖြည့်တင်းဖို့လုပ်ဆောင်ရတဲ့အနေအထားမှာ အားနည်း မှုတွေတွေ့ရတယ်။ ကျနော်တို့တွေက Local အဖွဲ့တွေဖြစ်တဲ့အတွက် ပြည်ပဝင်ငွေစီးဆင်းမှုအား နည်းတယ်၊ NUG ကနေချမှတ်ပေးတဲ့ ခွဲတမ်းဆိုတာလည်းမရှိဘူး။ ကျနော်တို့အနေနဲ့ကတော့ ပြည် သူလူထုကိုပဲအားကိုးနေရတာ၊ ပြည်သူလူထုအနေနဲ့ အမှန်တကယ်အလုပ်လုပ်နေတဲ့ အဖွဲ့အစည်း တွေကို ကူညီမှုတွေ ပေးစေချင်ပါတယ်” ဟု Kaung Kin Local PDF (ဒီပဲယင်း မြို့နယ်) အဖွဲ့မှ တာဝန်ရှိသူတစ်ဦး က ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article