ဒီကနေ့ နိုဝင်ဘာ ၁၅ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိင်ကို လေဆိပ်မှာ သွားကြိုတဲ့ မင်းသားရန်အောင်ရဲ့ ရန်ကင်း နေအိမ်ကို ပြင်းအားပျော့မိုင်းနဲ့ သတိပေးဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို Dark Shadow အဖွဲမှ ရဲဘော်ပန်ဒါ က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- အကြမ်းဖက်စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲကို တချိုနိုင်ငံတွေက နေရာပေးနေမှုမှာ အင်မတန်ယုတ္တိမရှိတဲ့လုပ်ဆောင်ချက်ဖြစ်ပြီး ကုလသမဂ္ဂအနေနဲ့လည်း မြန်မာ့အရေးအတွက် စကားလုံး၊ ကတိကဝတ်တွေနဲ့အညီ အရေးယူဆောင်ရွက်ရန် လိုအပ်နေတယ်လို ကုလသမဂ္ဂဆိုင်ရာ မြန်မာသံ အမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။
- ရခိုင်ပြည်မှာ ၁ နှစ်အတွင်း တံတား ၂၈ စင်း၊ ဆေးရုံ ၁၂ ခု၊ စာသင်ကျောင်း ၃၀ ၊ ဘုန်းကြီးကျောင်း ၇၀ အပါအဝင် အများပြည်သူပိုင်အဆောက်အအုံ ၂၀၀ နီးပါးကို အကြမ်းဖက်စစ်ကောင်စီက ဖျက်ဆီးခဲ့ တယ်လို AA က သတင်းထုတ်ပြန်လိုက်တဲ့သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar