မြင်းမူမြို့နယ် ကျေးရွာအနှံ့အပြားတွင် စစ်အာဏာရှင် ဆန့်ကျင်ရေးတော်လှန် မီးပုံးပျံများလွှတ်တင်
မြင်းမူမြို့နယ် ကျေးရွာအနှံ့အပြားတွင် “အဖိနှိပ်ခံပြည်သူလူထု အာဏာရှင်စနစ်အောက်မှလွတ်မြောက်ရန်” မျှော်ရည်ကာ ၅/အရတ လူထုသပိတ်စစ်ကြောင်း၊မြင်းမူမြို့နယ် သပိတ်တက်ကြွလှုပ်ရှားသူများ၊ မြင်းမူမြို့နယ် ဒေသခံ ပြည်သူလူထုများ အတူ တော်လှန် မီးပုံးပျံများလွှတ်တင်ခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါ လှုပ်ရှားမှုကို မုံရွာလူထုသပိတ်ဦးဆောင်ကော်မတီဝင်ရဲဘော်များကလည်း ပူးပေါင်းဝန်းရံခဲ့ကြကြောင်း သိရှိရသည်။