34 C
Yangon

အမေရိကန်၊ ကယ်လီဖိုးနီးယားပြည်နယ်တွင် NUG ဝန်ကြီး ဒေါက်တာဆာဆာနှင့် အမေရိကန်ရောက် မြန်မာမိသားစုများ တွေ့ဆုံ

Must read

အမေရိကန်၊ ကယ်လီဖိုးနီးယားပြည်နယ်တွင် NUG ဝန်ကြီး ဒေါက်တာဆာဆာနှင့် အမေရိကန်ရောက် မြန်မာမိသားစုများ တွေ့ဆုံ

ရန်ကုန်၊ နိုဝင်ဘာ ၁၇

အမျိုးသားညီညွတ်ရေးအစိုးရ-NUG၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာဆာဆာ နှင့် အမေရိကန်ပြည် ထောင်စု၊ တောင်ပိုင်းကယ်လီဖိုးနီးယားတွင် မြန်မာ မိသားစုများတွေ့ဆုံပွဲကျင်းပကြောင်း သိရှိရသည်။

ယမန်နေ့ နိုဝင်ဘာ ၁၆ရက်နေ့ မွန်းလွဲ ၂ နာရီမှ ညနေ ၅နာရီအထိ မြန်မာမိသားစုများနှင့်တွေ့ဆုံပွဲကို လော့စ်အိန်ဂျယ်လိစ်ကောင်တီ ဘော်ဒွင်ပတ်ခ်မြို့တွင် ကျင်းပခဲ့ကြောင်း၊ တွေ့ဆုံပွဲတွင် ဒေါက်တာဆာဆာက ပြည်တွင်းပြည်ပ အင်အားစုများ စည်းလုံးညီညွတ်ရေးကို တောင်းဆိုခဲ့ပြီး၊ စစ်အုပ်စုအပေါ် ဘဏ္ဍာရေး၊ တရားဝင်မှုနှင့် စစ်လက်နက်အကူပစ္စည်းများ ဖြတ်တောက်ရေးအတွက် ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် တွေ့ဆုံပွဲဖြစ်မြောက်ရေး အဖွဲ့၏ တောင်းဆိုမှုကြောင့် “ခွန်အားဖြည့်မိငယ်” နှင့် “သွေးသစ္စာ” သီချင်းနှစ်ပုဒ်ကို ဂစ်တာတီးခတ် သီဆို ဖျော်ဖြေခဲ့ပြီး၊ တီးခတ်ခဲ့သည့် ဂစ်တာကို စစ်ဘေးသင့်ပြည်သူများအတွက် ရန်ပုံငွေ လေလံပစ်ခဲ့ရာ လော့စ်အိန်ဂျယ်လိစ်မြို့ခံ ဆရာဝန်တဦးက ဒေါ်လာ ၅၀၀၀ ဖြင့် လေလံအောင်၊ အလှူငွေထည့်ဝင်ခဲ့ကြောင်း၊ ရန်ပုံငွေ စုစုပေါင်း အမေရိကန်ဒေါ်လာ ၃၀၀၀၀ ကျော်ရရှိခဲ့ပြီး၊ ဒေါက်တာဆာဆာမှတဆင့် စစ်ဘေးသင့်ပြည်သူများသို့ ကူညီပံ့ပိုးသွားမည်ဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article