30 C
Yangon

NUG ကာကွယ်ရေးဝန်ကြီးဌာနက PDF နှင့် ပကဖ ၆ ဦးကို အောက်တိုဘာလအတွင်း စစ်ခုံရုံးဖြင့် အရေးယူ

Must read

NUG ကာကွယ်ရေးဝန်ကြီးဌာနက PDF နှင့် ပကဖ ၆ ဦးကို အောက်တိုဘာလအတွင်း စစ်ခုံရုံးဖြင့် အရေးယူ

ရန်ကုန်၊ နိုဝင်ဘာ ၁၆

အမျိုးသားညီညွတ်ရေးအစိုးရ-NUG ၊ ကာကွယ်ရေးဝန်ကြီးဌာနက စည်းကမ်းဖောက်ဖျက်ကာ ပြစ်မှုကျူးလွန်သည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖအဖွဲ့ဝင် စုစုပေါင်း ၆ ဦးကို အောက်တိုဘာလအတွင်း လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာသည်။

အကျဉ်းစစ်တရားရုံးဖြင့် စစ်ဆေး၍ PDF ၁ ဦးကို ထောင်ဒဏ်ချမှတ်စီရင်ခြင်း၊ စစ်ခုံရုံးဖြင့် စစ်‌ဆေး၍ PDF ၁ ဦးကို ထောင်ဒဏ်ချမှတ်စီရင်ခြင်း၊ စုံစမ်းစစ်ဆေးရေးခုံရုံးဖြင့် စုံစမ်းစစ်ဆေး၍ ပေါ်ပေါက်ချက်အရ စီမံခန့်ခွဲမှု နည်းလမ်းဖြင့် ပြည်သူကာကွယ်ရေးအဖွဲ့ (ပကဖ) အဖွဲ့ဝင် ၄ ဦး အနက် ၁ ဦးကို ရာထူးမှ ထုတ်ပယ်ခြင်း၊ ၂ ဦးကို တာဝန်မှ ၆ လ ယာယီ ရပ်ဆိုင်းခြင်းနှင် ၁ ဦး ကို စာဖြင့် သတိပေး အရေးယူခြင်းတို့ လုပ်ဆောင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တို့ကို စည်းကမ်းသေဝပ်ကာ ပြည်သူကို အလုပ်အကျွေးပြုသည့် တပ်မတော်တရပ် ဖြစ်လာစေရန် ရည်ရွယ်၍ လိုအပ်သည့် ထိန်းကြောင်းမှုများကို အဆင့်ဆင့်ဆောင်ရွက်လျက်ရှိကြောင်း၊ မျှတသည့် တရားစီရင်မှုများ (Fair Trial)၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူမှုများ ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article