28 C
Yangon

မုံရွာမြို့‌ပေါ်ရှိ နဝရတ်ရွှေဆိုင်ကို ဓားပြတိုက်မှုတွင် ပါဝင်သည့် အမျိုးသမီး ၁ ဦး ပလဖ အဖွဲ့ထံ ဆက်သွယ်၍ လာရောက် အဖမ်းခံခဲ့ပြီး ဥပဒေအရ ဆက်လက် အရေးယူမည်

Must read

မုံရွာမြို့‌ပေါ်ရှိ နဝရတ်ရွှေဆိုင်ကို ဓားပြတိုက်မှုတွင် ပါဝင်သည့် အမျိုးသမီး ၁ ဦး ပလဖ အဖွဲ့ထံ ဆက်သွယ်၍ လာရောက် အဖမ်းခံခဲ့ပြီး ဥပဒေအရ ဆက်လက် အရေးယူမည်

ရန်ကုန်၊ နိုဝင်ဘာ ၁၇

စစ်ကိုင်းတိုင်း၊ မုံရွာမြို့‌ပေါ်ရှိ နဝရတ်ရွှေဆိုင်ကို ဓားပြတိုက်မှုတွင် ပါဝင်သည့် အမျိုးသမီး ၁ ဦး ပလဖ အဖွဲ့ထံ ဆက်သွယ်၍ လာရောက် အဖမ်းခံခဲ့ပြီး ဥပဒေအရ ဆက်လက် အရေးယူမည်ဖြစ်ကြောင်း မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောဆိုသည်။

နိုဝင်ဘာလ ၁၂ ရက်နေ့တွင် မုံရွာမြို့ပေါ်ရှိ နဝရတ် ရွှေဆိုင် ဓါးပြတိုက်မှုတွင် ပါဝင်ခဲ့သော မေလရောင် (ခေါ်) အမွှေစိန်သည် မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (မုံရွာမြို့နယ်-ပလဖ) ထံ ဆက်သွယ်၍ လာရောက် အဖမ်းခံခဲ့ကြောင်း သိရသည်။

ထိုသို့ လာရောက် ဖမ်းဆီးခံခဲ့သော မေလရောင် (ခေါ်) အမွှေစိန်ကို ဥပဒေအရ ဆက်လက် အရေးယူသွားမည်ဖြစ်ပြီး အရေးယူမှု ဆိုင်ရာကိစ္စများကို ဆက်လက် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

“သူ့ကိုတော့ တရားရေးက ဆက်လက် အရေးယူပါလိမ့်မယ်။ အရေးယူမှု ဆိုင်ရာ ကိစ္စတွေကိုတော့ ကျွန်တော်တို့ ဆက်လက်တင်ပြပေးပါမယ်” ဟု မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ဓားပြမှုတွင် ဖမ်းဆီးရန် ကျန်ရှိနေသော တရားခံများသည်လည်း မိမိတို့ အမှားကို ကိုယ်တိုင်သိမြင်ကာ အချိန်မလွန်ခင် မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (မုံရွာမြို့နယ်- ပလဖ)ထံသို့ ဆက်သွယ်၍ လာရောက်ဖမ်းဆီးခံကြပါရန် အသိပေးလိုကြောင်း မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောဆိုသည်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article