26 C
Yangon

ကွတ်ခိုင်မြို့၊ လူနေရပ်ကွက်ပေါ်သို့ ယမန်နေ့ ညသန်းခေါင်ယံအချိန် စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှု ၂ လသားအရွယ် ကလေးငယ်နှင့်မိခင် အပါအဝင် ပြည်သူ ၃ ဦး သေဆုံးပြီး ၁၀ ဦးဒဏ်ရာရရှိ

Must read

ကွတ်ခိုင်မြို့၊ လူနေရပ်ကွက်ပေါ်သို့ ယမန်နေ့ ညသန်းခေါင်ယံအချိန် စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှု ၂ လသားအရွယ် ကလေးငယ်နှင့်မိခင် အပါအဝင် ပြည်သူ ၃ ဦး သေဆုံးပြီး ၁၀ ဦးဒဏ်ရာရရှိ

ရန်ကုန်၊ နိုဝင်ဘာ ၁၈

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့၊ လူနေရပ်ကွက်ပေါ်သို့ ယမန်နေ့ ညသန်းခေါင်ယံအချိန် စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ ၂ လသားအရွယ် ကလေးငယ်နှင့်မိခင် အပါအဝင် ပြည်သူ ၃ ဦး သေဆုံးကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ယမန်နေ့ နိုဝင်ဘာလ ၁၇ ရက်နေ့ ည သန်းခေါင်အချိန်ဖြစ်သော ည ၁၁ နာရီ ၄၇ မိနစ်အချိန် ကွတ်ခိုင်မြို့၊ အမှတ် ၃ ရပ်ကွက်နှင့် အမှတ် ၄ ရပ်ကွက်အစပ် မုံးဝန်းခန်းမကြီးနှင့် KK တည်းခိုခန်းလမ်းအကြား၊ တရုတ်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းဘေးရှိ လူနေအိမ်ပေါ်သို့ စစ်လေယာဉ်များက ဗုံးကျဲချခဲ့ကြောင်း၊ ဗုံးကျဲချမှုကြောင့် နေအိမ်အများအပြား ပျက်စီးသွားပြီး ၂ လသားအရွယ် ကလေးငယ်နှင့် မိခင် ၁ ဦး၊ သက်ကြီးရွယ်အို ၁ ဦး စုစုပေါင်း ပြည်သူ ၃ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူ ၁၀ ဦးရှိပြီး အသက်အန္တရာယ်စိုးရိမ်ရသူများလည်း ပါဝင်ကြောင်း သိရှိရသည်။

“ကွတ်ခိုင်မြို့ပေါ်ကို ညဘက် အားလုံး အိပ်မောကျနေချိန်ကြီးကို လေယာဉ်နဲ့ ဗုံးကျဲချသွားတာပါ။ သေဆုံးသူ ၃ ဦးရှိပါတယ်။ ၂ လသားအရွယ် လသားကလေးနဲ့ မိခင် ၁ ဦးသေပါတယ်။ သက်ကြီးပိုင်း ၁ ဦးလည်း သေဆုံးပါတယ်။ ဒဏ်ရာရတာက ၁၀ ဦးရှိပါတယ်။ အဲဒီအထဲမှာ ၇ ဦးလောက်က ဒဏ်ရာ ပြင်းထန်တယ်”ဟု ကွတ်ခိုင်ဒေသမှ ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့မှာ ၁၀၂၇ စစ်ဆင်ရေးအတွင်း TNLA က သိမ်းပိုက်ထားသော မြို့ဖြစ်ပြီး ဇန်နဝါရီလ ၇ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း၊ ယင်းနောက် စစ်ကောင်စီက တော်ကလျှောက်ဆိုသလို လေကြောင်းဖြင့် ဗုံးကျဲမှုများ လုပ်ဆောင်နေကြောင်း၊ စစ်တပ်၏ လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် ပြည်သူများ ထိခိုက်သေဆုံးမှုများ တောက်လျှောက်ဆိုသလိုဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article