26 C
Yangon

ဖာပွန်ခရိုင်တွင် နိုဝင်ဘာ လဝက် အတွင်း တိုက်ပွဲ ၁၃ ကြိမ်ဖြစ်ပွားပြီး တပ်ရင်းမှူးနှင့် ဒုတပ်ရင်းမှူး အပါအဝင် စစ်သား ၇၇ ဦးသေဆုံး

Must read

ဖာပွန်ခရိုင်တွင် နိုဝင်ဘာ လဝက် အတွင်း တိုက်ပွဲ ၁၃ ကြိမ်ဖြစ်ပွားပြီး တပ်ရင်းမှူးနှင့် ဒုတပ်ရင်းမှူး အပါအဝင် စစ်သား ၇၇ ဦးသေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၁၉

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်တွင် နိုဝင်ဘာ လဝက်အတွင်း တိုက်ပွဲပေါင်း ၁၃ ကြိမ်ဖြစ်ပွားပြီး တပ်ရင်းမှူးနှင့် ဒုတပ်ရင်းမှူး အပါအဝင် အကြမ်းဖက် စစ်သား ၇၇ ဦး သေဆုံးခဲ့ကြောင်း KNU-မူတြော် ခရိုင်က ပြောဆိုသည်။

နိုဝင်ဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့ အထိ ကရင်အမျိုးသားလွတ် မြောက်ရေး တပ်မတော်နှင့် အကြမ်းဖက် စစ်တပ် တိုက်ပွဲ စုစုပေါင်း ၁၃ ကြိမ် ဖြစ်ပွားခဲ့ပြီး အဆိုပါ တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ တပ်ရင်းမှူး ၁ ဦး ၊ ဒုတပ်ရင်းမှူး ၁ ဦး အပါအဝင် စစ်သား ၇၇ ဦး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် – KNLA အမှတ် ၅ တပ်မဟာနှင့် ပူးပေါင်း တပ်ဖွဲ့ဝင်များဘက်မှလည်း ၈ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး အမှတ် ၅ တပ်မဟာ လက်အောက်ခံ တပ်ဖွဲ့ ဝင်များနှင့် ပူးပေါင်းတပ်ဖွဲ့ဝင်များက အကြမ်းဖက် စစ်တပ်၏ မော်တော်ယာဥ် ၁ စီးကိုလည်း ဖျက်စီးနိုင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article