33 C
Yangon

နေပြည်တော်၊ ပျဉ်းမနား၊ ခြောက်အိမ်စုရွာတွင် တပ်စွဲထားသော စစ်တပ်ကို KNDOနှင့် PDF ပူးပေါင်း တပ်ဖွဲ့က တိုက်ခိုက်မှု ခလရ ၈၄ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦး သေဆုံး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၁

နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ခြောက်အိမ်စုရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို KNDO၊ PDF ပူးပေါင်း တပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်ရာ ခလရ ၈၄ တပ်ရင်းမှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦး သေဆုံးခဲ့ကြောင်း KNDO တပ်ခွဲ ၄မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၁၉ ရက်နေ့ မွန်းလွဲ ၃ နာရီ ၁၁ မိနစ်ခန့်အချိန် ပျဉ်းမနားမြို့နယ်အတွင်းရှိ ခြောက်အိမ်စု ကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို KNDO၊ PDF ပူးပေါင်း တပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှု အတွင်း ထိတွေ့ တိုက်ပွဲသည် ၄၅ မိနစ်ခန့် ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်တပ်၏ ခလရ ၈၄ တပ်ရင်းမှ ဒုဗိုလ်မူးကြီး အဆင့်ရှိသူ ၁ ဦး အပါအဝင် ၈ ဦး သေဆုံးခဲ့ပြီး အများအပြား ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် တိုက်ပွဲအတွင်း NPT-PDF တပ်ရင်း ၈၀၆ မှ ရဲဘော် ၁ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှု အထူးတပ်ရင်း KNDO တပ်ခွဲ ၄ (KNU ၊ KNLAတပ်မဟာ ၂) နှင့် NPT-PDF တပ်ရင်းများဖြစ်သော ၈၀၁ ၊ ၈၀၂ ၊ ၈၀၄ ၊ ၈၀၆ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် စစ်ကောင်စီတပ်က နိုဝင်ဘာလ ၁၆ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်အချိန် ခြောက်အိမ်စု ကျေးရွာတွင် တောင်ယာခင်းမှပြန်လာသော ရွာသူ ၁ ဦးကို အကြောင်းမဲ့ ပစ်သတ်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – KNLA တပ်ဖွဲ့ဝင်များ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article