34 C
Yangon

ဆိပ်ဖြူမြို့အနီး စစ်တပ်စစ်ဆေးရေးဂိတ်နှင့် မုံရွာ-မန္တလေးလမ်းပေါ်တွင် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၂

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့အနီးရှိ အကြမ်းဖက်စစ်တပ် ဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း မကွေးတိုင်းပကဖ ရွေ့လျားစစ်ကြောင်း Yenanthar Column မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက်ဝေဝ နာရီ ၂၀ မိနစ်အချိန်တွင် ဆိပ်ဖြူမြို့အနီး ဆော-ဆိပ်ဖြူ ကားလမ်းပိုင်းရှိ အကြမ်းဖက်စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက် ခဲ့ရာ အကြမ်းဖက်စစ်တပ်မှ တပ်ကြပ်တစ်ဦးနှင့် တပ်သား ၁ ဦးသေဆုံးပြီး စစ်သား ၃ ဦး ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

“ဂိတ်မှာက ၈ ယောက်လောက်ပဲရှိတာ၊ ထွက်မပြေးဘဲ ခံပစ်နေကြတာ၊ မြို့နဲ့ကလည်း နီးတယ်။ ထိတွေ့မှုက ၅ မိနစ် လောက်ပဲ၊ စစ်ကူကား ၃ စီးတက်လာလို့သာ လက်နက်မကောက် နိုင်ဘဲ ပြန်ဆုတ်ခဲ့ရတာ” ဟု မကွေးတိုင်းပကဖ ရွေ့လျားစစ်ကြောင်း Yenanthar Column မှ တာဝန်ရှိ သူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို မကွေးတိုင်း ပကဖ ရွေ့လျားစစ်ကြောင်း Yenanthar Column ၊ ပခုက္ကူခရိုင် အမှတ် – ၁၉တပ်ရင်း ၊ ဆိပ်ဖြူဘာမထီ တပ်ခွဲ ၁ ၊ တပ်ခွဲ ၂ ၊ဆိပ်ဖြူမြို့နယ် အနောက်ပိုင်းဇုန် ၁ ပကဖ နှင့် မကွေးတိုင်း ပြည်သူ့ ကာကွယ်ရေးအဖွဲ့ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ချောင်းဦးမြို့အထွက် မုံရွာ -မန္တလေးလမ်းမကြီးပေါ်တွင် မိုင်းရှင်း စစ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦး သေဆုံးခဲ့ကြောင်း Chaung U People Defense Force – CHUPDF တပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

နိုဝင်ဘာလ ၂၁ ရက် နံနက် ၈ နာရီ ၁၀ မိနစ်အချိန်က ချောင်းဦးမြို့ထဲမှ မိုင်းရှင်းရန် ကန်တာကုန် ကား တစ်စီးဖြင့် ထွက်လာသော အကြမ်းဖက်စစ်သားများကို ချောင်းဦးမြို့ အထွက် မုံရွာ-မန္တလေးလမ်းမ ပေါ် တနေရာအရောက် စစ်သားများကားပေါ်မှ ဆင်းသက်စဉ် ပဒေသာမိုင်း ၂ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ပုံမှန်လမ်းမပေါ်တက်ပြီး မိုင်းရှင်းတဲ့ စခတွေပါ၊ ပုံမှန်က သံပြားကာနဲ့ထွက်နေကြ။ သံပြားကာ ကား ကလက်ရှိ မုံရွာထဲကို ထွက်သွားလို့ ကန်တာကားနဲ့ထွက်လာတာ၊ ၄ ယောက်သေတယ်လို့ သတင်းရ ထားတယ်၊ နောက်ဆက်တွဲတော့ မသိရသေးဘူး။ ဒဏ်ရာရတဲ့သူတွေကို ချောင်းဦးဆေးရုံနဲ့ မုံရွာ ဆေးရုံကို ခွဲသယ်သွားတာ၊ တိုက်ခိုက်ခဲ့တာက ချောင်းဦးမြို့အထွက်မှာပဲ ဆိုတော့ သူတို့စိုးမိုးနယ်မြေ နဲ့ကပ်လျက်ပဲ။” ဟု Chaung U People Defense Force – CHUPDF တပ်ဖွဲ့မှတာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

အဆိုပါ တိုက်ခိုက်မှုကို ချောင်းဦးမြိုနယ် ပကဖ တိုက်ခိုက်ရေးတပ် CHU PDF တပ်ခွဲ ၄ မှ တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး သေဆုံးသွားသောအကြမ်းဖက်စစ်သား ၄ ဦး၏အလောင်းများကို ခရီးသည်တင် Expressကားဖြင့် သယ်ဆောင်သွားကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ် ခွာနိုင်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ နယ်မြေလုံခြုံရေး စစ်ကြောင်း လှည့်လည်နေစဉ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ နယ်မြေလုံခြုံရေး စစ်ကြောင်း လှည့်လည်နေစဉ်။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article