32 C
Yangon

ဝမ်းတွင်းနှင့် မြစ်သားမြို့နယ်တို့တွင် လူငယ် ၁၀၀ နီးပါးကို စစ်မှုထမ်းရန်အတွက် စစ်တပ်က ပေါ်တာဆွဲဖမ်းဆီး၊ လှည်ကူးမြို့နယ်တွင် ပေါ်တာဆွဲမှုများနှင့် ငွေခြိမ်းခြောက်တောင်းမှုများဖြစ်ပွားနေ

Must read

ရန်ကုန်၊ နိုဝင်ဘာ၂၂

မန္တလေးတိုင်း ဝမ်းတွင်းမြို့နယ်တွင် ၇ ရက်အတွင်း ကျေးရွာများမှ လူငယ် ၈၀ ကျော်ကို စစ်မှုထမ်းရန်အတွက် စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

နိုဝင်ဘာ ၁၆ ရက်နေ့မှ စ၍ ယနေ့ အထိ ဝမ်းတွင်းမြို့ပေါ်နှင့် ကျေးရွာများတွင် အကြမ်းဖက်စစ်တပ်က ဆက်တိုက် လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးနေခြင်းဖြစ်ကြောင်း၊ ဖမ်းဆီးခံရသော လူငယ်များမှာ ကံစွယ်ကျေးရွာ၊ ကုန်းရွာကျေးရွာ၊ ဒုန်းကုန်းကျေးရွာ၊ ရိုးရွာကျေးရွာ၊ ဒိုင်ကောင်းကုန်းကျေးရွာ၊ ညောင်ပင်လှကျေးရွာတို့အပါအဝင် အခြားကျေးရွာများမှ ဖြစ်ကြောင်း၊ စစ်တပ်က နေ့ည မရွေးဘဲ ကျေးရွာများအတွင်း ဝင်ရောက်ဖမ်းဆီးခြင်း၊ လမ်းများပေါ်တွင် ဂိတ်ချ ဖမ်းဆီးခြင်းများ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

“ စစ်တပ်က ဖမ်းတာမှာ ညောင်ပင်လှကျေးရွာကချည်းပဲ လူငယ်၂၀ ကျော်တယ် ။ ရွာတွေနဲ့ မြို့ပေါ်ပါဆိုရင် လူငယ်စုစုပေါင်း ၈၀ ကျော်တယ်။ စစ်တပ်က ဖမ်းတာ။ ဝမ်းတွင်းမြို့ သဲတောရထားဘူတာအနီးမှာလည်း ခွေးတွေက မနက်တိုင်းလိုလို စစ်ဆေး ပေါ်တာဆွဲဖမ်းဆီးတာတွေ လုပ်နေတယ်” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

လက်ရှိ စစ်မှုထမ်းရန်အတွက် ပေါ်တာဆွဲဖမ်းဆီးထားသော လူငယ်များအားလုံးကို ဝမ်းတွင်း ရဲစခန်းတွင် ထားရှိထားကြောင်း ၊များမကြာမီ သက်ဆိုင်ရာ စစ်တပ်သင်တန်းကျောင်းများထံသို့ ပို့ဆောင်မည်ဖြစ်ကြောင်း သိရှိရသည်။

အလားတူ နိုဝင်ဘာလ ၂၁ ရက်နေ့ အကြမ်းဖက်စစ်တပ်က မန္တလေးတိုင်း မြစ်သားမြို့နယ် ထိန်ကန်ကြီး ကျေးရွာမှ လူငယ် ၁၂ ဦးကိုလည်း စစ်မှုထမ်းရန်အတွက် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

ထို့ပြင် ရန်ကုန်တိုင်းလှည်းကူးမြို့နယ်၊ ကျွန်းကလေးကျေးရွာတွင်လည်း စစ်မှုထမ်းအပတ်စဉ် ၈ အတွက် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးခြင်းနှင့် ငွေကြေးခြိမ်းခြောက်တောင်းခံမှုများဖြစ်ပွားလျက်ရှိကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

အကြမ်းဖက်စစ်တပ်က လှည်းကူးမြို့နယ်၊ ကျွန်းကလေးကျေးရွာမှ စစ်မှုထမ်းရန်အတွက် လူငယ် ၂ ဦးတောင်းခံပြီး ယင်းလူငယ် ၂ ဦးကို ရရှိရန် မဲဖောက်ခြင်းများ လုပ်ဆောင်ကြောင်း၊ ကျွန်းကလေးကျေးရွာ အုပ်ချုပ်ရေးအဖွဲ့က အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၂ သောင်းမှ ငွေကျပ် ၄ သောင်းအထိလည်း အတင်းအကျပ်ကောက်ခံနေကြောင်း သိရှိရသည်။

“စစ်မှုထမ်းမပါဖို့အတွက် တစ်အိမ်ထောင်ကို ယောင်္ကျား သားရှိရင် ငွေ ၄ သောင်းတောင်းတယ်။ ယောင်္ကျားသားမရှိရင် တစ်အိမ် ၂သောင်းဆိုပြီး လိုက်လံ ကောက်ခံ နေပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက ယခုနှစ် မေလမှစတင်၍ စစ်မှုထမ်းသင်တန်းများ ဖွင့်လှစ်ပြီး လူငယ်များကို အတင်းအကျပ် စစ်မှုထမ်းခိုင်းနေရာ ယခုအခါ စစ်မှုထမ်းအပတ်စဉ် ၈ အထိ ရောက်ရှိလာပြီဖြစ်သည်။

ဓာတ်ပုံ – စစ်မှုထမ်းရန် အတင်းအကျပ် စုဆောင်းခံနေရသော လူငယ်များ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

စစ်မှုထမ်းရန် အတင်းအကျပ် စုဆောင်းခံနေရသော လူငယ်များ။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article