33 C
Yangon

ရေဦးမြို့နယ်၊ အုန်းတပေါင်းရွာ ကျောင်းထိုင် ဆရာတော်ကို သေနတ်ဖြင့် ပစ်သတ်ခဲ့သည့် တရားခံ ၄ ဦးကို PDF တပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ပြီး ဥပဒေအရ ဆက်လက် အရေးယူမည်

Must read

ရေဦးမြို့နယ်၊ အုန်းတပေါင်းရွာ ကျောင်းထိုင် ဆရာတော်ကို သေနတ်ဖြင့် ပစ်သတ်ခဲ့သည့် တရားခံ ၄ ဦးကို PDF တပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ပြီး ဥပဒေအရ ဆက်လက် အရေးယူမည်

ရန်ကုန်၊ နိုဝင်ဘာ ၂၂

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ အုန်းတပေါင်းရွာ ကျောင်းထိုင် ဆရာတော်ကို သေနတ်ဖြင့် ပစ်သတ်ခဲ့သည့် တရားခံ ၄ ဦးကို PDF တပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ပြီး ဥပဒေအရ ဆက်လက် အရေးယူသွားမည်ဖြစ်ကြောင်း ရေဦးမြို့နယ် ပြည့်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောဆိုသည်။

အောက်တိုဘာလ ၃၁ ရက်နေ့ ညပိုင်းတွင် ရေဦးမြို့ အနီးရှိ အုန်းတပေါင်းကျေးရွာ ဘုန်းကြီးကျောင်းကို မျက်နှာဖုံးစွပ် သေနတ်သမားများက ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကျောင်းထိုင်ဆရာတော် အရှင်က္ကုန္ဒကသီရိ ပျံလွန်တော်မူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြစ်မှုကျူးလွန်ခဲ့သော ဆက်စပ် တရားခံများကို PDF တပ်ဖွဲ့များက ၂၄ နာရီ အတွင်း ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ပြီး နိုဝင်ဘာလ ၂၁ ရက်နေ့တွင် အဓိက တရားခံများနှင့် ဆက်စပ် တရားခံများကို စစ်ဒေသ၊ ပကဖ ၊ ပအဖ နှင့် ပလဖ တို့က ပူးပေါင်း၍ ထပ်မံ ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“အားလုံးပေါင်း ဆရာတော် ကို သတ်ဖြတ်သွားသူက ၅ ဦးပေါ့။ ၄ ဦးကတော့ ဖမ်းဆီးရမိထားပြီး တစ်ဦးကတော့ ထွက်ပြေးတိမ်းရှောင်နေတယ်။ လူမှုရေး၊ ပုဂ္ဂိုလ်ရေး ပြဿနာကြောင့် သတ်ဖြတ်တယ်လို့ သိရတယ်။ သူတို့ကို တည်ဆဲ ဥပဒေအရ အရေးယူဖို့ ပလဖ ကို လွှဲပြောင်းထားပြီးပါပြီ” ဟု ရေဦးမြို့နယ် ပြည့်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ ဖမ်းဆီးရမိသော တရာခံ ၄ ဦးကို ရေဦးမြို့နယ် ပကဖ မှ တည်ဆဲဥပဒေနှင့်အညီ အရေးယူနိုင်ရန်အတွက် ရေဦးမြို့နယ် ပလဖ သို့ လွှဲပြောင်းပေးအပ်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article