32 C
Yangon

တာမွေမြို့နယ် လျှပ်စစ်မီတာရုံးရှိ စစ်တပ် လုံခြုံရေး နှစ်ထပ်ဘန်ကာကို ဗုံးဖောက်ခွဲတိုက်ခိုက်

Must read

တာမွေမြို့နယ် လျှပ်စစ်မီတာရုံးရှိ စစ်တပ် လုံခြုံရေး နှစ်ထပ်ဘန်ကာကို ဗုံးဖောက်ခွဲတိုက်ခိုက်

ရန်ကုန်၊ နိုဝင်ဘာ ၂၃

ရန်ကုန်တိုင်း၊ တာမွေမြို့နယ် လျှပ်စစ်မီတာရုံးရှိ စစ်တပ် လုံခြုံရေး နှစ်ထပ်ဘန်ကာကို ဗုံးဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ရန်ကုန်မြို့ပြပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့ ၂ ခုက သတင်းထုတ်ပြန်သည်။

ယနေ့ နိုဝင်ဘာလ ၂၃ ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ်အချိန် ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ အကြမ်းဖက်စစ်ကောင်စီ၏ ဒေါက်တိုင် လျှပ်စစ်ဝန်ကြီးဌာန လက်အောက်ခံ တာမွေ EPC ဝင်းထဲရှိ စစ်တပ်၏ လုံခြုံရေး နှစ်ထပ်ဘန်ကာကို Freeland Attack Force (FLA )နှင့် Anonymous Fighters Force ( AFF ) တို့က ဗုံးအသုံးပြု၍ ၂ ကြိမ် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း၊ တာမွေ EPC ရုံးသည် နယ်ခံ အများပြည်သူအပေါ် နည်းမျိုးစုံဖြင့်ဗိုလ်ကျ အနိုင်ကျင့်ပြုမှုနေကြောင်း ထုတ်ပြန်ထားသည်။

တာမွေမြို့နယ်မှ ပြည်သူများကမူ ယနေ့ ညနေ ၆ နာရီ ၃၀ မိနစ်အချိန် တာမွေမြို့နယ် လျှပ်စစ်မီတာရုံးတွင် ပေါက်ကွဲသံများ ထွက် ပေါ်ခဲ့ပြီး ယနေ့ ည ၇ နာရီ ၅၀ မိနစ်အချိန်တွင်ပါ ထပ်မံပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ပြောဆိုသည်။

“တာမွေမီတာရုံး ၆ခွဲလောက်ကအသံတော်တော်ကျယ်တစ်လုံးအုန်းတယ်။ စကစတွေလမ်းပိတ်ပြီး လာစစ်နေတဲ့ချိန် ည ၇ နာရီ ၅၀ မှာထပ်အုန်းတယ်။၂ ကြိမ်အုန်းတာ။ အသံတော်တော်ကျယ်တယ်” ဟု တာမွေမြို့နယ်မှ ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဓာတ်ပုံ- ရန်ကုန်မြို့၊ သမိုင်းလမ်းဆုံရှိ စစ်တပ် လုံခြုံရေး နှစ်ထပ်ဘန်ကာ အဆောက်အအုံ။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article