30 C
Yangon

တနင်္သာရီမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁၀ ဦးသေဆုံးပြီး စစ်သား အလောင်းများကို အိမ်စီးကားဖြင့် သယ်ဆောင်သွား၊ စစ်တပ်က နေအိမ် ၅ လုံးကို မီးရှို့ဖျက်ဆီး

Must read

တနင်္သာရီမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁၀ ဦးသေဆုံးပြီး စစ်သား အလောင်းများကို အိမ်စီးကားဖြင့် သယ်ဆောင်သွား၊ စစ်တပ်က နေအိမ် ၅ လုံးကို မီးရှို့ဖျက်ဆီး

ရန်ကုန်၊ နိုဝင်ဘာ ၂၃

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်တွင် အကြမ်းဖက် စစ်တပ် ခြေလျင်စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၁၀ ဦးသေဆုံးပြီး စစ်သား အလောင်းများကို အိမ်စီးကားဖြင့် သယ်ဆောင်သွားကာ စစ်တပ်က နေအိမ် ၅ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၂၃ ရက်နေ့ နံနက် ၆ နာရီခန့်တွင် တနင်္သာရီမြို့နယ်၊ ဇဝဲကျေးရွာနှင့် ရမ်းဖိုကျေးရွာ အကြား ပြင်ဝန်းကျေးရွာ အနီးတွင်ခြေလျင် တက်လာသော အင်အား ၈၀ ခန့်ပါ စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက မိုင်း ၁၀ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ရာ မိုင်း ၇ လုံးပေါက်ကွဲခဲ့ပြီး စစ်ကောင်စီ တပ်သား အများအပြား ထိခိုက်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၀ ဦးထက်မနည်းသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိကာ စစ်သား မသာအလောင်းများနှင့် ဒဏ်ရာရရှိသူများကို VOGO ကားဖြင့် ၄ ကြိမ် သယ်ထုတ်သွားကြောင်း သိရှိရသည်။

တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက အနီးအနားရှိ ပြည်သူပိုင် နေအိမ် ၅ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှု မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် တနင်္သာရီမြို့နယ် ပကဖ ဇုန် ၃ တနင်္သာရီရိုးမအဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

Photo – မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တော်လှန်ရေး ရဲဘော်များ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article