33 C
Yangon

စစ်ကိုင်းမြို့နယ်၊ တောင်းရင်းရွာကို စစ်တပ် စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးနေ၊ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရ

Must read

စစ်ကိုင်းမြို့နယ်၊ တောင်းရင်းရွာကို စစ်တပ် စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးနေ၊ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရ

ရန်ကုန်၊ နိုဝင်ဘာ ၂၄

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသ တောင်းရင်းရွာကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးနေပြီး ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရကြောင်း Voice Of Mandalay အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောဆိုသည်။

ယနေ့ နိုဝင်ဘာလ ၂၄ ရက်နေ့ မွန်းလွဲပိုင်းက စတင်ပြီး ပဒူရွာ ရဲစခန်းတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် အင်အား ၇၀ ခန့်ဖြင့် တောင်းရင်းရွာကို ဝင်ရောက် စီးနင်းပြီး နေအိမ်များကို ဆက်တိုက် မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိချိန်တွင် တောင်းရင်းရွာနှင့် အနီးအနားရှိ ကျေးရွာများမှ ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရပြီး ကျေးရွာအတွင်း ထိခိုက် ပျက်စီးမှု အခြေအနေနှင့် ပြည်သူများ ဖမ်းဆီးခံရမှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။

“မင်းကွန်း ပဒူရွာက ထွက်လာတဲ့ စစ်ခွေး စစ်ကြောင်းထိုးနေတယ်။ ဒေသပြည်သူ ထောင်နဲ့ချီပြီး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်။ အခု တောင်းရင်းရွာကို မီးရှို့နေပြီး ပြည်သူတွေ ဖမ်းဆီးခံရတာ ရှိမရှိကို အတည်မပြုနိုင်သေးဘူး။ တောင်းရင်းရွာကော အနီးအနားက ရွာတွေကော အကုန်ထွက်ပြေးနေရတယ်” ဟု Voice Of Mandalay အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article