30 C
Yangon

ဆိပ်ဖြူမြို့နယ်တွင် စစ်ယာဉ်တန်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၆ ဦးသေဆုံး

Must read

ဆိပ်ဖြူမြို့နယ်တွင် စစ်ယာဉ်တန်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၆ ဦးသေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၂၄

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်တွင် အကြမ်းဖက် စစ်တပ် ယာဉ်တန်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၆ ဦးသေဆုံးခဲ့ကြောင်း မကွေးတိုင်း ပကဖ ရွေ့လျား စစ်ကြောင်း Yenanthar Youth Force မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံ ပြောဆိုသည်။

နိုဝင်ဘာလ ၂၃ ရက်နေ့ ညနေ ၄ နာရီ ၅၅ မိနစ်ခန့်တွင် မြင်းခြံမြို့ ကပစ ၂၂ မှ ထွက်လာသော စစ်ကား ၃ စီးပါ ယာဉ်တန်းကို တော်လှန်ရေး တပ်ဖွဲ့များက ၁၀ မိုင် လမ်းဆုံ နှင့် ဆိပ်ဖြူမြို့ အကြားတွင် မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၆ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြားကာ တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“အဲတိုက်ခိုက်မှုက စစ်ခွေး ၆ ကောင်သေပြီး ထိခိုက်ဒဏ်ရာရရှိသူများပါတယ်။ ကျန်တော်တို့ တော်လှန်ရေး တပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်” ဟု မကွေးတိုင်း ပကဖ ရွေ့လျား စစ်ကြောင်း Yenanthar Youth Force မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်ကို Yenanthar Column ၊ ပခုက္ကူခရိုင်အမှတ်-၁၉တပ်ရင်း ဆိပ်ဖြူ ဘာမထီ တပ်ခွဲ (၁) ၊ တပ်ခွဲ (၂) ၊ ဆိပ်ဖြူမြို့နယ် ပကဖ အနောက်ပိုင်ဇုန် (၁) ၊ မကွေးတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article