32 C
Yangon

မြန်မာနိုင်ငံရှိ အွန်လိုင်းငွေလိမ်လည်ဂိုဏ်းများတွင် ကျွန်ကဲ့သို့ ခိုင်းစေခံခဲ့ရသည့် နိုင်ငံခြားသား ၃၉ ဦး ထွက်ပြေးလွတ်မြောက်လာပြီး ထိုင်းစစ်တပ်က ကယ်တင်ထား

Must read

မြန်မာနိုင်ငံရှိ အွန်လိုင်းငွေလိမ်လည်ဂိုဏ်းများတွင် ကျွန်ကဲ့သို့ ခိုင်းစေခံခဲ့ရသည့် နိုင်ငံခြားသား ၃၉ ဦး ထွက်ပြေးလွတ်မြောက်လာပြီး ထိုင်းစစ်တပ်က ကယ်တင်ထား

ရန်ကုန်၊ နိုဝင်ဘာ ၂၅

မြန်မာနိုင်ငံရှိ အွန်လိုင်းငွေလိမ်လည်ဂိုဏ်းများတွင် ကျွန်ကဲ့သို့ ခိုင်းစေခံခဲ့ရသည့် နိုင်ငံခြားသား ၃၉ ဦး ထွက်ပြေးလွတ်မြောက်လာပြီး ထိုင်းစစ်တပ်က ကယ်တင်ထားကြောင်း ထိုင်း Khaosod သတင်းဌာနက ယနေ့ သတင်းဖော်ပြသည်။

ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ကို ဖြတ်၍ သီရိလင်္ကာနိုင်ငံသား ၃၂ ဦး၊ နီပေါ ၅ ဦး၊ မလေးရှား ၁ ဦး၊ ရုရှား ၁ ဦး စုစုပေါင်း နိုင်ငံခြားသား ၃၉ ဦးတို့သည် မြန်မာနိုင်ငံအတွင်းရှိ အွန်လိုင်းငွေလိမ်လည်သည့် ကျားဖြန့်လုပ်ငန်းများတွင် ကျွန်များကဲ့သို့ အတင်းအကျပ် အလုပ်ခိုင်းစေခံခဲ့ရကြောင်း၊ ယင်းနောက် မြန်မာနိုင်ငံမှ ထွက်ပြေးလွတ်မြောက်လာပြီး ထိုင်းနိုင်ငံဘက်အခြမ်းတွင် ထိုင်းစစ်တပ်နှင့်တွေ့ဆုံအကူအညီပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ယခုအခါ ထိုင်းအာဏာပိုင်များက ထွက်ပြေးလွတ်မြောက်လာသော ကယ်ဆယ်ရေးနှင့် သယ်ယူပို့ဆောင်ရေးများ လုပ်ဆောင်ထားပြီး ဘန်ကောက်ရှိ သီရိလင်္ကာသံရုံးနှင့်လည်း ဆက်သွယ်ထားကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံသားများ ဦးဆောင်သော ကျားဖြန့် အွန်လိုင်းငွေလိမ်လည်သည့် လုပ်ငန်းများသည် ရှမ်းပြည်နယ်နှင့် ကရင် ပြည်နယ်၊ မြ၀တီမြို့နယ်တို့တွင် အဓိက လည်ပတ်အခြေစိုက်နေခြင်းဖြစ်ပြီး စစ်တပ်အပါအဝင် ဒေသအုပ်ချုပ်ရေးအာဏာပိုင်များ၊ စစ်တပ်လက်အောက်ခံ လက်နက်ကိုင်အဖွဲ့အစည်းများနှင့်ပူးပေါင်းကာ လုပ်ငန်းများကို တိုးချဲ့ အရှိန်အဟုန်ဖြင့် လည်ပတ်လုပ်ကိုင်နေကြောင်း နိုင်ငံတကာစောင့်ကြည့်လေ့လာရေးအဖွဲ့များက ထောက်ပြ ပြောဆိုထားသည်။

Photo- Khaosod ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article