24 C
Yangon

မလေးရှားနိုင်ငံ၊ ဆီအုန်းစိုက်ပျိုးရေးလုပ်ငန်းများသို့ မြန်မာအလုပ်သမားများ စေလွှတ်ခြင်းမပြုရန် စစ်ကောင်စီက ပိတ်ပင်လိုက်ပြီး နှစ်နိုင်ငံ ဆက်ဆံရေး မကောင်းမွန်မှုက အဓိကအချက်အဖြစ် ပါဝင်နေ

Must read

မလေးရှားနိုင်ငံ၊ ဆီအုန်းစိုက်ပျိုးရေးလုပ်ငန်းများသို့ မြန်မာအလုပ်သမားများ စေလွှတ်ခြင်းမပြုရန် စစ်ကောင်စီက ပိတ်ပင်လိုက်ပြီး နှစ်နိုင်ငံ ဆက်ဆံရေး မကောင်းမွန်မှုက အဓိကအချက်အဖြစ် ပါဝင်နေ

ရန်ကုန်၊ နိုဝင်ဘာ ၂၅

မလေးရှားနိုင်ငံ၊ ဆီအုန်းစိုက်ပျိုးရေးလုပ်ငန်းများသို့ မြန်မာအလုပ်သမားများ စေလွှတ်ခြင်းမပြုရန် စစ်ကောင်စီက စတင်ပိတ်ပင်လိုက်ကြောင်း မလေးရှားနိုင်ငံသို့ ပြည်ပအလုပ်သမားများ စေလွှတ်နေသည့် အေဂျင်စီအသိုင်းအ၀ိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မလေးရှားနိုင်ငံ၊ ဆားဘားကျွန်းရှိ ဆီအုန်းစိုက်ပျိုးရေးလုပ်ငန်းများသို့ မြန်မာအလုပ်သမားများ မစေလွှတ်ရန်နှင့် အလုပ်ခေါ်စာများ လက်ခံခြင်းမပြုရန် အလုပ်သမားဝန်ကြီးဌာနက အေဂျင်စီများထံသို့ အီးမေးလ်ပို့ အကြောင်းကြားလာကြောင်း သိရှိရသည်။

“ဆီအုန်းစိုက်ပျိုးရေးလုပ်ငန်းတွေမှာ တစ်လ ရင်းဂစ် ၁၅၀၀ လောက်ပဲရတယ်။ တွက်ခြေမကိုက်ဘူး။ ပို့တဲ့ အလုပ်သမားတွေလည်း မကိုက်လို့ ပြေးကြတယ်။ အခု ပိတ်တာကတော့ ဆီအုန်း စိုက်ပျိုးရေးပဲ ပိတ်တာပါ။ ကျန်တဲ့အလုပ်တွေ ပိတ်တယ်လို့ မပါဘူး” ဟု ပြည်ပအလုပ်အကိုင်အေဂျင်စီမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

မလေးရှားနိုင်ငံသို့ မြန်မာအလုပ်သမား စေလွှတ်မှုမှာလည်း အလွန်နည်းပါးနေပြီး အထူးသဖြင့် နှစ်နိုင်ငံ အစိုးရချင်းဆက်ဆံရေးလည်း ကောင်းမွန်မှုမရှိကြောင်း၊ ယင်းအခြေအနေကလည်း အလုပ်သမားများ စေလွှတ်မှုအပေါ် နှစ်နိုင်ငံ ဝန်ကြီးဌာနချင်း ပူးပေါင်းဆောင်ရွက်မှုလည်း မရှိသလောက် ဖြစ်နေကြောင်း၊ စစ်ကောင်စီနှင့် မလေးရှားနိုင်ငံအကြား သံတမန်ဆက်ဆံရေးမှာလည်း အလွန်အေးစက်စက်ဖြစ်နေကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီအသိုင်းအ၀ိုင်းက ပြောဆိုသည်။

“စစ်အာဏာသိမ်းပြီးကတည်းက မလေးရှားနဲ့ မြန်မာနဲ့က ဆက်ဆံရေးမကောင်းတော့ အလုပ်သမားစေလွှတ်တဲ့ကိစ္စတွေမှာလည်း အရမ်းကြီး တိုးမလာဘူး။ အခုပို့နေတာက စစ်ထောက်လှမ်းရေးဟောင်းတစ်ဦး ထောင်ထားတဲ့ ပြည်ပအလုပ်အကိုင်အေဂျင်စီတစ်ခုကပဲ အဓိကပို့တာ။ အဲဒါကလည်း အရေအတွက်က အင်မတန်နည်းတယ်။ ထိုင်း၊ အရှေ့အလယ်ပိုင်း၊ လာအို၊ ဂျပန်၊ စင်ကာပူ၊ တောင်ကိုရီးယားတွေကိုပဲ အများဆုံး ပို့နေကြတာပါ” ဟု ပြည်ပအလုပ်အကိုင်အေဂျင်စီတာဝန်ရှိသူက ဆက်လက်ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက ပြည်ပအလုပ်အကိုင်အေဂျင်စီများအနေဖြင့် မည်သည့် နိုင်ငံသို့ စေလွှတ်သည်ဖြစ်စေ စေလွှတ်လိုက်သည့် အလုပ်သမားက အခွန်ဆောင်စေရေး၊ ရရှိသော ပြည်ပအလုပ်အကိုင်မှ လုပ်ခလစာ၏ ၂၅ ရာခိုင်နှုန်းကို ပြည်တွင်းသို့ ဘဏ်များမှတစ်ဆင့် ပြန်လည် လွှဲပြောင်းရေး၊ ပြည်ပရောက် အလုပ်သမားများ စစ်မှုထမ်းရန် ဆင့်ခေါ်ပါက ပြည်တွင်းသို့ ပြန်လာရေး အေဂျင်စီများက တာဝန်ယူကြရန် ညွှန်ကြားချက်ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article