26 C
Yangon

တရုတ်၏ ကြိုးပမ်းမှုနှင့် စစ်ဘေးဒဏ်သင့် ပြည်သူများကို ငဲ့ညှာမှုတို့ကြောင့် စစ်ရေးပဋိပက္ခများ အဆုံးသတ်ရေး တွေ့ဆုံဆွေးနွေးရန် အဆင်သင့်ရှိဟု TNLA က ထုတ်ပြန်

Must read

တရုတ်၏ ကြိုးပမ်းမှုနှင့် စစ်ဘေးဒဏ်သင့် ပြည်သူများကို ငဲ့ညှာမှုတို့ကြောင့် စစ်ရေးပဋိပက္ခများ အဆုံးသတ်ရေး တွေ့ဆုံဆွေးနွေးရန် အဆင်သင့်ရှိဟု TNLA က ထုတ်ပြန်

ရန်ကုန်၊ နိုဝင်ဘာ ၂၅

တရုတ်အစိုးရ၏ နယ်စပ်တည်ငြိမ်ရေးနှင့် တိုက်ပွဲရပ်စဲရေး ကြိုးပမ်းမှု နှင့် စစ်ဘေးဒဏ် ဆိုးရွားစွာခံစားနေရသည့် ပြည်သူများ၏ အကျိုးကို ငဲ့ညှာထောက်ထား၍ နှစ်ဖက်စစ်ရေး ပဋိပက္ခများ အဆုံးသတ်နိုင်ရန် တွေ့ဆုံဆွေးနွေးရန် အဆင်သင့်ရှိကြောင်း တအာင်း TNLA က သတင်းထုတ်ပြန်သည်။

နေ့စဉ်ရက်ဆက်ဖြစ်ပွားနေသော တိုက်ပွဲများတွင် စစ်တပ်၏ လေကြောင်းစစ်ရေးအပါအဝင် ပြင်းထန်သည့် တိုက်ပွဲကြောင့် စစ်ဘေးဒဏ်ဆိုးရွားစွာ ခံစားနေရသည့် ဒေသပြည်သူများ၏ အကျိုးကို ငဲ့ညှာထောက်ထား၍သော် လည်း ကောင်း၊ နယ်စပ်တည်ငြိမ်ရေးနှင့် တိုက်ပွဲရပ်စဲရေး ကြားဝင်ကြိုးပမ်းဆောင် ရွက်နေသည့် တရုတ်နိုင်ငံ၏ ကြိုးပမ်းမှုကို လေးစားအသိအမှတ်ပြု၍ သော် လည်း ကောင်း တွေ့ဆုံဆွေးနွေးရန် အဆင်သင့်ရှိကြောင်း၊ စစ်ရေးပဋိပက္ခများကို အဆုံးသတ်ပြီး တည်ငြိမ်အေးချမ်းသည့် နိုင်ငံရေး အခြေအနေ တည် ဆောက် ရန်အတွက် တရုတ်၏ ကြားဝင်စေ့စပ်မှုကို အပြုသဘောဆောင် ကောင်း ကျိုးရှိသည့်အမြင်ဖြင့် အမြဲပူးပေါင်းဆောင်ရွက်ရန် ကြိုးပမ်းလျက်ရှိကြောင်း၊ ကောင်းမွန်သည့်ရလဒ်များရရှိစေရန် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း TNLA က ဆိုသည်။

မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့အနေဖြင့် ၁၀၂၇ စစ်ဆင်ရေး စတင်ချိန်မှစတင်၍ တအာင်းဒေသအတွင်း တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလာသည်မှာ နှစ်ပတ်လည်လာခဲ့ပြီဖြစ်ကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ စစ်စခန်းများ၊ စစ်ကြောင်းများကို မိမိတို့၏ မြို့ရွာ နယ်မြေများဒေသများတွင် ကင်းစင်အောင် ဖယ်ရှားတိုက်ထုတ်နိုင်ခဲ့ပြီဖြစ်သော်လည်း စစ်တပ်က ပြည်သူကို ဦးတည်ပစ် မှတ်ထားကာ လေကြောင်းဖြင့် တိုက်ခိုက်နေသဖြင့် အပြစ်မဲ့ ပြည်သူလူထု စစ်ဘေးဒဏ်ပေါင်းစုံ ဆိုးရွားပြင်းထန်စွာ ခံစားနေရကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

တအာင်းလူမျိုးများ အဖိနှိပ်ခံဘ၀မှ လွတ်မြောက်ရန်၊ တအာင်းပြည်နယ်ရရှိရန်၊ လက်နက်ကိုင်တိုက်ပွဲဝင်ပြီး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အာမခံသည့် ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံကို တိုင်းရင်းသား မြန်မာပြည်သူများနှင့်အတူတကွ တည် ဆောက်ရန် အမြဲတစေ ကြိုးပမ်းဆောင်ရွက်မည်ဖြစ်ကြောင်း၊ ပြည်သူကို ထောက်ထားညှာတာခြင်းနှင့်အတူ မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့် အခွင့် အရေး ကို ကိုင်စွဲထားပြီး ပြဿနာအရပ်ရပ်ကို ဖြေရှင်းနိုင်ရေး တွေ့ဆုံဆွေးနွေး အဖြေရှာရန် TNLA က အဆင်သင့်ရှိကြောင်း ကြေညာချက် ထုတ်ပြန်ထား သည်။

အကြမ်းဖက်စစ်ကောင်စီကမူ တအောင်းအမျိုးသား လွတ်မြောက်ရေးတပ်မ တော် (TNLA)၊ ကိုးကန့်တပ်မတော် (MNDAA) နှင့် အာရက္ခတပ်တော် (AA) အဖွဲ့တို့ကို အကြမ်းဖက်အဖွဲ့များအဖြစ် သတ်မှတ်ကြောင်း ယခုနှစ် စက်တင် ဘာ ၂ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article