33 C
Yangon

လားရှိုးမြို့နယ်တွင် စစ်ကောင်စီက ပေါင် ၅၀၀ ဗုံး ၄ လုံး လေယာဉ်ဖြင့် ကျဲချမှု ပြည်သူ ၃ ဦးထိခိုက်ပြီး စာသင်ကျောင်းနှင့် လူနေအိမ်များစွာ ပျက်စီး

Must read

လားရှိုးမြို့နယ်တွင် စစ်ကောင်စီက ပေါင် ၅၀၀ ဗုံး ၄ လုံး လေယာဉ်ဖြင့် ကျဲချမှု ပြည်သူ ၃ ဦးထိခိုက်ပြီး စာသင်ကျောင်းနှင့် လူနေအိမ်များစွာ ပျက်စီး

ရန်ကုန်၊ နိုဝင်ဘာ ၂၅

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်အတွင်း စစ်ကောင်စီက ပေါင် ၅၀၀ ဗုံး ၄ လုံးကို စစ်လေယာဉ်ဖြင့် ကျဲချမှုကြောင့် ပြည်သူ ၃ ဦးထိခိုက်ပြီး စာသင်ကျောင်းနှင့် လူနေအိမ်များစွာ ပျက်စီးကြောင်း လားရှိုး MNDAA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၂၄ ရက်နေ့ ည ၇ နာရီ ၃၅ မိနစ်အချိန်မှ ည ၇ နာရီ ၄၆ မိနစ်အချိန် စစ်ကောင်စီ၏ လေတပ်က လားရှိုးမြို့နယ်၊ နမ့်ပေါင်ကျေးရွာနှင့် သံလွင်စံပြကျေးရွာကို ပေါင် ၅၀၀ ဗုံး ၄ လုံးကျဲချခဲ့ကြောင်း၊ အဆိုပါဗုံးများကြောင့် သံလွင်စံပြကျေးရွာ စာသင်ကျောင်းဆောင်ပြိုကျပျက်စီးသွားပြီး လူနေအိမ်များစွာ ပျက်စီးကြောင်း၊ ဒေသပြည်သူ ၃ ဦးမှာလည်း ထိခိုက်ဒဏ်ရာရရှိကြောင်း သိရှိရသည်။

စစ်လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် ဒဏ်ရာရရှိသူများမှာ မိသားစုတစ်စုတည်းမှ ဖြစ်ပြီး အသက် ၆ နှစ်အရွယ် ကလေးငယ် ၁ ဦး၊ အသက် ၄၀ နှစ်အရွယ် ကလေးငယ်၏ ဖခင်နှင့် အသက် ၃၈ နှစ်အရွယ် ကလေးငယ်၏ မိခင်တို့ဖြစ်ကြောင်း ၊ ဖခင်ဖြစ်သူမှာ ဦးခေါင်းဒဏ်ရာ ပြင်းထန်သဖြင့် အရေးပေါ် ဆေးကုသမှု ခံယူနေရကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီက စစ်ရေးပစ်မှတ်မဟုတ်သည့် စာသင်ကျောင်း၊ ဘာသာရေးအဆောက်အအုံနှင့် လူနေအိမ်များ၊ဈေးများ၊တိုင်း ရင်းသားလူမျိုးစုနေထိုင်ရာရွာများ ကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခြင်းက ဘာသာရေးဆိုင်ရာ ဖိနှိပ်မှု၊ စစ်ရာဇဝတ်မှုနှင့် လူမျိုးတုန်းသတ်ဖြတ်များကို ပေါ်ပေါ်ထင်ထင် ကျူးလွန်နေခြင်းဖြစ်ကြောင်း MNDAA ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article