ရန်ကုန်၊နိုဝင်ဘာ ၂၆
ယမန်နေ့ နိုဝင်ဘာလ ၂၅ ရက်နေ့ နံနက် ၉ နာရီ ၄၅ မိနစ်ဝန်းကျင်အချိန် နေပြည်တော် MICC 2 အဆောက်အအုံတွင် စစ်ကောင်စီတပ်မှ ဗိုလ်ချုပ် အသိုင်းအ၀ိုင်းက သားသမီး မင်္ဂလာဆောင်ကျင်းပနေချိန် အသေခံဒရုန်းများဖြင့် ဗုံးကျဲတိုက်ခိုက်မှုဖြစ်ပွားခြင်းဖြစ်ကြောင်း ၊ အဆိုပါ မင်္ဂလာဆောင်သို့ စစ်တပ်နှင့်ရဲများက လုံခြုံရေးယူခဲ့ကြောင်း၊ အဆိုပါ မင်္ဂလာဆောင်စောင့် လုံခြုံရေး ရဲနှင့်စစ်သားများကို အသေခံဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲံခြင်းဖြစ်ကြောင်း သိရှိရသည်။
“မနေ့ မနက် ၁၀ နာရီဝန်းကျင်လောက်မှာ MICC 2 ဘက်ကနေ ပေါက်ကွဲသံလိုကြားရတာမျိုးတယ်လို့ အဲဒီအနားမှာ နေသူတွေက ပြောတယ်။ စစ်တပ်ဘက်သတင်းတွေ ဖုံးထားတော့ သတင်းက လိုက်မေးရတာ ခက်နေပေမယ့် အခုနောက်ဆုံး စစ်သားနဲ့ရဲ တချို့ ဒရုန်း ဗုံးထိမှန်တယ်လို့ သိရတယ်။ သေဆုံးမှုရှိနိုင်တယ်” ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြောဆိုသည်။
စစ်တပ်ထောက်ခံသော လော်ဘီတယ်လီဂရန်ချန်နယ်များတွင် နိုဝင်ဘာလ ၂၅ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန် နေပြည် တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ဇေယျသိဒ္ဓိရပ်ကွက်၊ ညွှန်ကြားရေးမှူးချုပ် အိမ်ရာအတွင်းတွင် ဒရုန်းတစ်စီး ပျက်ကျနေကြောင်း သတင်းဖော်ပြထားသည်။
“ဒရုန်းမှာ ဗုံးမပါတော့ဘူး။ ဒီအတိုင်း ပျက်ကျနေတာတွေ့တယ်။ MICC 2 ဘက်မှာ ဗုံးကျဲပြီးတော့ ဒီဘက်မှာ လာပျက်တဲ့သဘော မျိုးလို့ ပြောလို့ရတယ်” ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ဆိုသည်။
မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန (Myanmar International Convention Center – MICC 2) အဆောက်အအုံသည် စစ်ကောင်စီက နိုင်ငံတော်အဆင့် အစည်းအဝေးနှင့် အခမ်းအနားများ မကြာခဏဆိုသလို ပြုလုပ်နေသည့် နေရာလည်းဖြစ်ပြီး ယခုတိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ အသေးစိတ်သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။
နိုဝင်ဘာလ ၅ ရက်နေ့ကလည်း နေပြည်တော် အေလာလေတပ်သို့ အသေခံဒရုန်းများဖြင့် ဗုံးကျဲတိုက်ခိုက်မှုများဖြစ်ပွားခဲ့ရာ ထိခိုက်မှုများရှိခဲ့သော်လည်း စစ်ကောင်စီက သတင်းထုတ်ပြန်ရာတွင် ထိန်ချန်ထုတ်ပြန်ခဲ့သည်။
ဓာတ်ပုံ – MICC 2 ခန်းမကို စစ်တပ်လက်အောက်ခံ လုံခြုံရေးများ စောင့်ကြပ်နေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)
Photo- AFP ။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar