ယင်းမာပင်မြို့နယ်တွင် ဒေသတွင်းကျေးရွာတစ်ရွာ၌ သပိတ်စစ်ကြောင်း၂ ခု ပူးပေါင်း၍ တော်လှန်ရုပ်ရှင်ပြ
ယင်းမာပင်မြို့နယ်တွင် ဒေသတွင်းကျေးရွာတစ်ရွာတွင် ယင်းမာပင်-ဆားလင်းကြီးရွာပေါင်းစုံသပိတ်ကော်မတီနှင့် လူငယ့်အားမာန်သပိတ်ကော်မတီတို့ပူးပေါင်းကာ နိုဝင်ဘာလ ၂၅ ရက်နေ့တွင် တော်လှန်ရုပ်ရှင်ပြသခဲ့ကြကြောင်း သိရှိရသည်။
ဒေသတွင်းလူထုကို တော်လှန်ရုပ်ရှင်ပြသရင်း လူထုဟောပြောပွဲကိုပါ တစ်ပါတည်း လုပ်ဆောင်ပြီး တော်လှန်သီချင်းများ၊ သတ္တိနှင့် ပွင့်လန်းချစ်သောပန်းများ ဆိုသည့် ရုပ်ရှင် ဇာတ်လမ်းတိုများပြသရင်း ကြွေးကြော်သံများနှင့် အခမ်းအနားကို ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။