33 C
Yangon

ရွာငံမြို့၊ နွားဘန်းကြီးရွာတွင် စစ်တပ်က ၁၂ ရက်ကြာ တပ်စွဲထားပြီး ပြည်သူ ၆ ဦးကို ဖမ်းဆီးရိုက်နှက်နေ၍ အသက် အန္တရာယ် စိုးရိမ်ရ၊ စစ်တပ်က ပြည်သူများကို ရွာထဲမှ ပေးမထွက်ဘဲ ပိတ်လှောင်ထား

Must read

ရွာငံမြို့၊ နွားဘန်းကြီးရွာတွင် စစ်တပ်က ၁၂ ရက်ကြာ တပ်စွဲထားပြီး ပြည်သူ ၆ ဦးကို ဖမ်းဆီးရိုက်နှက်နေ၍ အသက် အန္တရာယ် စိုးရိမ်ရ၊ စစ်တပ်က ပြည်သူများကို ရွာထဲမှ ပေးမထွက်ဘဲ ပိတ်လှောင်ထား

ရန်ကုန်၊ နိုဝင်ဘာ ၂၆

ရှမ်းပြည်နယ်၊ နွားဘန်းကြီးရွာတွင် အကြမ်းဖက် စစ်တပ်က ၁၂ ရက်ကြာ တပ်စွဲထားပြီး ပြည်သူ ၆ ဦးကို ဖမ်းဆီးရိုက်နှက်နေ၍ အသက် အန္တရာယ် စိုးရိမ်ရကာ စစ်တပ်က ပြည်သူများကို ရွာထဲမှ ပေးမထွက်ဘဲ ပိတ်လှောင်ထားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၁၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၅ မိနစ်ခန့်တွင် ရွာငံမြို့အဝင်ရှိ အကြမ်းဖက် စစ်တပ်၏ ဂိတ်စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး မူးယစ်ရဲတပ်ဖွဲ့မှ ရဲအရာရှိ ရဲမှူး အပါအဝင် ရဲ ၅ ဦး ပွဲချင်းပြီး သေဆုံးပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်သား အင်အား ၇၀ ကျော်ခန့်သည် နိုဝင်ဘာလ ၁၅ ရက်နေ့ နံနက်ပိုင်းမှစ၍ နွားဘန်းကြီးရွာကို သေနတ်များ ပစ်ခတ်ကာ ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ယနေ့ နိုဝင်ဘာလ ၂၆ ရက်နေ့ထိ ၁၂ ရက်ကြာ တပ်စွဲထားပြီး ကျေးရွာအတွင်းရှိ အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၁ ဦးကို အကြောင်းမဲ့ ဖမ်းဆီးရိုက်နှက်နေခြင်းကြောင့် အသက် အန္တရာယ် စိုးရိမ်ရကြောင်း သိရှိရသည်။

ထို့ပြင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ကျေးရွာအတွင်းရှိ ပြည်သူများကို ရွာပြင် ပေးမထွက်ဘဲ လက်ရှိချိန်ထိ ဖမ်းဆီး ပိတ်လှောင်ကြောင်း၊ နဘန်းကြီးရွာသည် အိမ်ခြေ ၁၀၀၀ ကျော်ခန့်ရှိသော ကျေးရွာကြီး တစ်ခုဖြစ်ကြောင်း သိရသည်။

“နဘန်းကြီးရွာမှာ တပ်စွဲထားတဲ့ စစ်ခွေးတွေက ပြည်သူ ၆ ဦးကို အကြောင်းမဲ့ ဖမ်းဆီးရိုက်နေတာ သူတို့ တပ်စွဲထားတဲ့ ရွာလယ်ခေါင်မှာ ဖမ်းထားပြီးတော့ ရိုက်နှက်နေတာ အသက်အန္တရာယ် စိုးရိမ်ရတယ်။ ဘာတွေ စစ်မေးလည်းတော့ မသိဘူး။ ပြည်သူတွေကို ရွာထဲက ပေးမထွက်တော့ဘူး။ ရွာထဲမှာ ပိတ်လှောင်ထားတာ ၁၀ ကျော်ပြီ စိုက်ပျိုးရေး လုပ်တဲ့ ပြည်သူတွေလည်း ဘာမှကို မလုပ်ရဘူး။ အကုန်လုံးကို ပေးမထွက်ဘူး။ ရွာထိပ် ထွက်လာတဲ့ သူတွေကို စစ်တပ်က ဖမ်းဆီးရိုက်နှက်နေတာ ဘယ်သူကမှ မထွက်ရဲဘူး” ဟု ဒေသ ပြည်သူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article