32 C
Yangon

ကျွန်းလှ၊ ကုက္ကိုကုန်းရွာတွင် စစ်တပ်က ၆ ရက်ကြာတပ်စွဲပြီး ကျေးရွာများကို ဆက်တိုက် စီးနင်းနေ၍ ထွက်ပြေး တိမ်းရှောင်ရသည့် ပြည်သူများ ပိုမိုများပြားလာပြီး သောင်းနှင့်ချီရှိလာ၊ စစ်ရှောင် ပြည်သူများကို ဒရုန်းဖြင့် ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်

Must read

ကျွန်းလှ၊ ကုက္ကိုကုန်းရွာတွင် စစ်တပ်က ၆ ရက်ကြာတပ်စွဲပြီး ကျေးရွာများကို ဆက်တိုက် စီးနင်းနေ၍ ထွက်ပြေး တိမ်းရှောင်ရသည့် ပြည်သူများ ပိုမိုများပြားလာပြီး သောင်းနှင့်ချီရှိလာ၊ စစ်ရှောင် ပြည်သူများကို ဒရုန်းဖြင့် ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ နိုဝင်ဘာ ၂၆

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ ကုက္ကိုကုန်းရွာတွင် အကြမ်းဖက် စစ်တပ်က ၆ ရက်ကြာတပ်စွဲပြီး ကျေးရွာများကို ဆက်တိုက် စီးနင်းနေ၍ ထွက်ပြေး တိမ်းရှောင်ရသည့် ပြည်သူများ ပိုမိုများပြားလာပြီး သောင်းနှင့်ချီရှိလာကာ စစ်ရှောင် ပြည်သူများကို ဒရုန်းဖြင့် ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာ ၂၀ ရက်နေ့ နံနက်အ‌စောပိုင်းမှ စတင်ပြီး ကံပေါက်ရွာမှ ထွက်ခွာလာသော အင်အား ၂၀၀ ကျော်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကုက္ကိုကုန်းရွာ တိုက်နယ်ဆေးရုံကို ဝင်ရောက်စီးနင်း တပ်စွဲပြီးနောက် ယနေ့ နိုဝင်ဘာလ ၂၆ ရက်နေ့ထိ ကုက္ကိုကုန်းရွာ၌ တပ်စွဲထားကာ အနီးအနားရှိ ကျေးရွာများကို ဆက်တိုက် စီးနင်းနေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် နိုဝင်ဘာ ၂၀ ရက်၊ ၂၁ ရက်နှင့် ၂၂ ရက်နေ့တွင် ကုက္ကိုကုန်းရွာ၊ မဒေါင်ရွာ၊ လွှတ်တိုက်ရွာနှင့် ဆွဲလှဲရွာတို့ကို ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ၎င်းတို့ စစ်ကြောင်းထိုးရာ လမ်းတစ်လျှောက်ရှိ စစ်ရှောင်ပြည်သူများကို ဒရုန်းဖြင့် ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်နေ၍ ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူ အရေအတွက် ပိုမို များပြားလာကာ လက်ရှိချိန်တွင် တိမ်းရှောင်နေရသည့် ပြည်သူ ဦးရေ ၁ သောင်းနီးပါး ရှိလာပြီဖြစ်ကြောင်း သိရှိရသည်။

လက်ရှိချိန်တွင် တကုန်းရွာ ၊ ကုက္ကိုကုန်းရွာ ၊ သံပုရာပင်စုရွာ၊ မြဘုံသာရွာ ၊ လွှတ်တိုက်ရွာ ၊ မဒေါင်ရွာ ၊ဆွဲလှဲရွာ နှင့် ကန့်ဘလူမြို့နယ်အတွင်းရှိ လက်ခုပ်ပင်ရွာ အပါအဝင် အနီးအနားရှိ ကျေးရွာများမှ ပြည်သူများပါ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

“စစ်ခွေးစစ်ကြောင်းက မထွက်သေးတော့ ခွေးတွေမီးရှို့ဖျက်ဆီးသွားတဲ့ အိမ်ခြေ အရေအတွက်ကို အသိရသေးဘူး။ သူတို့က ကုက္ကိုကုန်းမှာပဲ ထိုင်ပြီးတော့ လွှတ်တိုက်တို့ ဆွဲလှဲ အဲရွာတွေကို တစ်လှည့်ဆီ မီးရှို့တာ အခုတော့ နည်းနည်းငြိမ်နေသေးတယ်။ ဝင်တဲ့နေက ကုက္ကိုကုန်းရှို့တယ်။ ပြီးတော့ လွှတ်တိုက် ရှို့တယ်။ မဒေါင်ရှို့တယ်။ ဆွဲလှဲရှို့တယ်။ အဲရွာတွေကို အကြိမ်ကြိမ်ရှို့နေတဲ့ ပုံစံပေါ့။ စစ်ခွေးတွေ ဒရုန်းဗုံးသီးတွေ နေ့တိုင်းကို ကျဲချတိုက်ခိုက်နေတယ်။ လေယာဉ် ကလည်း ဆက်တိုက်ပစ်နေတာတွေရှိလို့ ရွာထဲကို ဝင်ပြီး အတည်ပြုဖို့ ခက်နေတယ်။ စစ်ကြောင်းထိုင်တဲ့ ကုက္ကိုကုန်းရွာနဲ့ ဆွဲလှဲနဲ့ မဒေါင်တို့က မဝေးဘူးဆိုတော့ ခွေးကြောင်းက ကုက္ကိုကုန်းမှာ ထိုင်မယ်ဆိုရင်တော့ ပြည်သူတွေ ပြန်မဝင်နိုင်တဲ့ အနေအထားတော့ရှိတယ်” ဟု ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

Photo – စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာ တစ်ရွာကို အကြမ်းဖက် စစ်တပ် စစ်ကြောင်း ဝင်ရောက်လာသောကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများ (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article