28 C
Yangon

ကလေးဝ-မော်လိုက် လမ်းပိုင်းကို စစ်တပ်က စစ်ကြောင်းထိုးနေ၍ တိုက်ပွဲများ အချိန်မရွေး ဖြစ်ပွားနိုင်သောကြောင့် ပြည်သူများ ကုန်းလမ်းနှင့်ရေလမ်း အသုံးမပြုရန် ကလေးခရိုင် ပကဖ အသိပေး

Must read

ကလေးဝ-မော်လိုက် လမ်းပိုင်းကို စစ်တပ်က စစ်ကြောင်းထိုးနေ၍ တိုက်ပွဲများ အချိန်မရွေး ဖြစ်ပွားနိုင်သောကြောင့် ပြည်သူများ ကုန်းလမ်းနှင့်ရေလမ်း အသုံးမပြုရန် ကလေးခရိုင် ပကဖ အသိပေး

ရန်ကုန်၊ နိုဝင်ဘာ ၂၇

စစ်ကိုင်းတိုင်း၊ ကလေးဝ-မော်လိုက် လမ်းပိုင်းကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးနေ၍ တိုက်ပွဲများ အချိန်မရွေး ဖြစ်ပွားနိုင်သောကြောင့် ပြည်သူများ ကုန်းလမ်းနှင့်ရေလမ်း အသုံးမပြုရန် ကလေးခရိုင် ပြည်သူ့ကာကွယ်ရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်မှ ထွက်လာသော သံပြာကာကား ၄ စီးသည် တိုက်ခိုက်ရေး ဒရုန်းနှင့် လက်နက် သေတ္တာများပါ ပါဝင်ပြီး လူအင်အား အပြည့် တင်ဆောင်လာကာ ကလေးဝ-မော်လိုက် လမ်းပိုင်းကို ရောက်ရှိနေခြင်းဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ဒေသတွင်း တော်လှန်ရေး တပ်ဖွဲ့များနှင့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းတို့ အချိန်မရွေး တိုက်ပွဲများဖြစ်ပွားလာနိုင်ခြင်းကြောင့် နိုဝင်ဘာလ ၂၇ ရက်နေ့မှစ၍ က​လေးဝ-​မော်လိုက် အကြားရှိ ကုန်းလမ်း​၊ ရေလမ်းများကို ကလေးခရိုင် ပြည်သူ့ကာကွယ်ရေး အဖွဲ့က ပိတ်ပင်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ဒကစက ထွက်လာတဲ့ သံပြာကာကား ၄ စီး MA-4 ၊ MA-3 တွေပါ ဒရုန်းပါ ‌လက်နက်သေတ္တာများပါ သယ်‌‌ဆောင်လာပြီး စစ်ခွေး အပြည့်နဲ့ မနေ့က မြို့ထွက်ကို ရောက်သွားတာ ခွေးတွေရှိတော့ အဲလမ်းပိုင်းမှာ တော်လှန်ရေးတပ်တွေနဲ့ အချိန်မရွေး တိုက်ပွဲဖြစ်နိုင်တဲ့ အခြေအနေကြောင့်မို့လို့ လမ်းပိုင်းကို ပိတ်ပင်လိုက်တာပါ” ဟု ကလေးခရိုင် ပြည်သူ့ကာကွယ်ရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ လမ်းပိုင်းကို ပြန်လည်သွားလာခွင့်ပြုမည့် အချိန်ကိုလည်း ဆက်လက် ထုတ်ပြန်​ပေးသွားမည်ဖြစ်ကြောင်း ကလေးခရိုင် ပြည်သူ့ကာကွယ်ရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article